တိုက်​ဂါး​ဝုဒ်​နှင့်​ ဇာတ်​လမ်း​ရှုပ်​ ခဲ့​သည့်​ ​အ​မျိုး​သ​မီး​က​ ​တိုက်​ဂါး​ဝုဒ်​၏​ DNA​ ​ရ​ယူ​လို​ကြောင်း တောင်း​ဆို

alt

တိုက်ဂါးဝုဒ်နှင့် ဇာတ်လမ်း​ ရှုပ်ခဲ့ဖူးသည်​ ဆိုသော အမျိုးသမီး တစ်ဦးက တရားသူကြီးများအား နာမည်ကျော် ဂေါက်သီး​ ချန်ပီယံ၏ DNA​ အနည်းငယ် ရယူပေးရန် တောင်းဆို​ လိုက်သည်။

အဖော်အချွတ် စတား​ တစ်ဦး​ ဖြစ်သည့် ဒီဗွန်ဂျိမ်းက သူမ၏ ကလေးသည် ဝုဒ်နှင့်​ ရခဲ့ကြောင်း သက်သေ​ ပြခွင့်​ ရရန် ယခုလို DNA​ ရယူ​ လိုခြင်း​ ဖြစ်ကြောင်း သိရသည်။ ဂျိမ်းသည် သူမနှင့် ဝုဒ်တို့သည် ၉ နှစ်​ အရွယ် သားငယ်​ တစ်ဦး ရရှိ​ ထားကြောင်း၊ ကလေး​ အတွက် စရိတ်​ ရရှိလိုကြောင်း ရုံးတင်လျှောက်ထားခဲ့သည်။ ဝုဒ်၏ ရှေ့နေများက ၂၀၀၂ ခုနှစ် DNA​ စစ်ဆေးမှု ရလဒ်များတွင် ကလေး၏ ဖခင်မှာ ပီလီဝက်ကင်​ ဆိုသူ​ အဖြစ် ဖော်ထုတ်​ နိုင်ခဲ့ကြောင်း ပြောကြားထားသည်။ သို့သော်လည်း ပီလီက ဂျိမ်းထံသို့ ၂၀၀၉ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့က ပေးပို့သည့် စာထဲတွင် ၎င်းသည် မည်သည့်​ အခါကမျှ ကလေး၏ ဖခင်​ ဖြစ်ကြောင်း စစ်ဆေးမှု မခံခဲ့ရကြောင်း ဖော်ပြ​ ထားသည်။

ဂျိမ်းက သူမ၏ သားငယ်သည် ဝုဒ်နှင့်​ ရခဲ့ခြင်း​ ဖြစ်ကြောင်း အခိုင်အမာ ပြောဆို​ နေဆဲဖြစ်ပြီး ဝုဒ်၏​ DNA ရလိုကြောင်း တောင်းဆို​ ထားသည်။ သူမက ယခင်က DNA​ စစ်ဆေးမှု ရှိခဲ့သည်​ ဆိုသော ကိစ္စမှာ ဖော်ပြချက် နားလည်မှု အလွဲအမှား​ သာဖြစ်ကြောင်းလည်း ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here