အ​ငြိမ်း​စား​ယူ​မည့်​အ​သက်​အ​ရွယ်​ ​တိုး​မြှင့်​မည့်​အ​စီ​အ​စဥ်​ ​ပြင်​သစ်​အ​စိုး​ရ​ ​အ​တည်​ပြု​ သတ်​မှတ်

alt

ပြင်သစ်​ အစိုးရသည် ဇူလိုင်လ (၁၃)​ ရက်​ နေ့က နိုင်ငံ​ အတွင်း အငြိမ်းစား​ ယူမည့် အသက်အရွယ်ကို တိုးမြှင့်ရန် အစီအစဥ်ကို အတည်ပြု သတ်မှတ်​ လိုက်ပြီ​ ဖြစ်သည်။

ထို့ကြောင့် ပြင်သစ်၏ လက်ရှိ​ အငြိမ်းစားယူသော အသက်​ (၆၀)​ အစား အသက်​ (၆၂)​ နှစ်ထိ အလုပ်လုပ်​ ကိုင်ခွင့် ရရှိ​ တော့မည်​ ဖြစ်သည်။ ယင်းမှာ ပြင်သစ်​ သမ္မတ နီကိုလက် ဆာကိုဇီ၏ ရွေးကောက်ပွဲတွင် မဲများများ​ ရရေး​ အတွက် အလုပ်သမား လူတန်းစားကို ဆွဲဆောင်သည့် နည်းလမ်း​ တစ်ခု​ အဖြစ် ဝေဖန်မှုများ ထွက်ပေါ်​ လျက်ရှိသည်။ ဆာကိုဇီသည် (၂၀၁၂)​ ခုနှစ် ရွေးကောက်ပွဲတွင် ပြန်လည်​ အရွေးခံရန် စီစဥ်​ ထားသော်လည်း ၎င်း၏ အလုပ်သမား​ ရေးရာ​ ဝန်ကြီး အဲရစ်ဝေါ့၏ နိုင်ငံရေး ရံပုံငွေ အလွဲ​ သုံးစားလုပ်ခဲ့သည့် အရှုပ်တော်ပုံကြောင့် ပြည်သူ့​ ထောက်ခံမှု ကျဆင်းနေသည်။ ပြင်သစ်တွင် အငြိမ်းစား​ ယူသည့် အသက်အရွယ်ကို (၆၀)​ အဖြစ် သတ်မှတ်​ ထားသည်မှာ (၁၉၈၂)​ ခုနှစ်​ ကတည်းကဖြစ်ပြီး နာမည်ကြီး​ သမ္မတ ဖရန်ကိုး မစ်တာရန်းက သတ်မှတ်​ ပေးခဲ့ခြင်း​ ဖြစ်သည်။

ဆာကိုဇီက အကောင်းဆုံး လုပ်ကိုင်နိုင်စွမ်း ရှိနေသူများ​ အတွက် အသက်​ (၆၂)​ နှစ်ထိ အလုပ်လုပ်ခွင့် ရခြင်းသည် များစွာ​ အကျိုး​ ရှိနိုင်ကြောင်း TV​ အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလက လုပ်သားများ ဆန္ဒပြခဲ့သည့် ကိစ္စအပေါ် မိမိအနေနှင့် အလေးထား စဥ်းစားခဲ့ကြောင်း၊ လုပ်သားထု​ အတွက် သင့်လျော်သော အပြောင်းအလဲ​ တစ်ခု အမှန်တကယ် လိုအပ်​ နေပြီဟု မိမိယူဆကြောင်း သမ္မတကဆိုသည်။ နိုင်ငံရေး လေ့လာသူများက ဆာကိုဇီ၏ အပြောင်းအလဲသည် ၎င်းအတွက် ထောက်ခံမှုများ တိုးပွား​ လာနိုင်သော်လည်း ရွေးကောက်ပွဲတွင် ရေပန်း​ အစားဆုံး ဖြစ်နိုင်ရန်မူ ခက်ခဲဖွယ်ရှိကြောင်း သုံးသပ်ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here