ငယ်​စဥ်​က​​ တိရစ္ဆာန်​ ဆေးကု​ ဆရာဝန်​ ​ဖြစ်​ချင်​​ ခဲ့​ကြောင်း​ ​ဂျူ​လီ​ယာ​ရော​ဘတ်​ပြော​

alt

ဟောလီးဝုဒ် မင်းသမီး ဂျူလီယာ​ ရောဘတ်သည် ငယ်စဥ်က တိရစ္ဆာန်​ ဆေးကု ဆရာဝန်​ တစ်ဦး ဖြစ်လာရန် မျှော်လင့်​ ခဲ့ဖူးကြောင်း ထုတ်ဖော်​ ပြောကြားလိုက်သည်။

Eat, Pray, Love မင်းသမီးသည် ထိုအလုပ်ကို စိတ်ဝင်စားကြောင်း၊ အဘယ့်ကြောင့်ဆိုသော် သူမ၏ မိသားစုဝင် အတော်များများမှာ တိရစ္ဆာန် ဆေးကု​ ဆရာဝန်​ အဖြစ် လုပ်ကိုင်​ နေခြင်း​ ကြောင့်​ ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ဂျူလီယာ၏မောင် အဲရစ်​ ရောဘတ်ရော၊ ညီမငယ် လီဆာ​ ရောဘတ်ဂါလန်တို့ပါ တိရစ္ဆာန်​ ဆေးကု ဆရာဝန်များ​ ဖြစ်ကြသည်။ ဂျူလီယာ၏ မိဘများ​ ဖြစ်သည့် လျူနှင့်​ ဝေါ်တာ ရောဘတ်တို့မှာမူ တစ်ချိန်က မင်းသားနှင့် ဇာတ်ညွှန်း​ ပညာရှင်များ ဖြစ်ကြသည်။ ဂျူလီယာက သူမသည် တိရစ္ဆာန်လေးများကို ချစ်ခင်ပြီး တိရစ္ဆာန်ဆေးကု ဆရာဝန်မ​ တစ်ဦး ဖြစ်ခွင့်ရရန် မျှော်လင့်ခဲ့ဖူးကြောင်း ဝန်ခံ ပြောဆို​ သွားသည်။ အသက် ၄၂ နှစ်ရှိ မင်းသမီးက သူမ၏ လက်ရှိ​ အနုပညာသည်​ ဘဝကို မြတ်နိုး​ သော်လည်း အလွန်ခက်ခဲ ပင်ပန်းကြောင်း သုံးသပ်ခဲ့သည်။

Stylish မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဂျူလီယာက သူမ၏ သမီးလေးကို မင်းသမီး​ တစ်လက် ဖြစ်​ မလာစေ​ လိုကြောင်းလည်း ပြောကြားခဲ့သည်။ ဟောလီးဝုဒ်၏ သရုပ်ဆောင်ကြေး အမြင့်ဆုံး မင်းသမီးများ စာရင်းတွင် ပါဝင်နေသည့် ဂျူလီယာသည် ၂၀၀၀ ပြည့်နှစ် Erin Brockovich ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင် အော်စကာဆု ရရှိဖူးပြီး ရွှေကမ္ဘာလုံး​ ဆု​ ကိုလည်း (၃)​ ကြိမ် ရယူဖူးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here