​အီရန်​တွင်​ ​ရှီး​ယား​ဗ​လီ​တစ်​ခု​အား​ ​အ​သေ​ခံ​​ ဗုံး​ခွဲခံ​ရ

alt

အီရန်ရှိ ရှီးယား​ မွတ်ဆလင်များ ဝတ်ပြုရာ ဗလီ​ တစ်ခုကို အသေခံ ဗုံးခွဲမှုများ ပြုလုပ်​ ခဲ့ရာ အနည်းဆုံး လူ ၂၂ ဦး သေဆုံး​ သွားကြောင်း သိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့က အီရတ်​ အရှေ့တောင်ပိုင်း ဇာဟီဒန်ရှိ ဂျာမီယာ ဗလီကျောင်းသို့ အသေခံ ဗုံးသမား​ တစ်ဦးက တိုက်ခိုက်ခဲ့ပြီး အနည်းငယ် အကြာမှာပင် ပိုမိုဆိုးရွားစွာ အသေအပျောက် ဖြစ်စေမည့် ဗုံးခွဲမှုကို နောက်ထပ်​ အသေခံ ဗုံးသမား​ တစ်ဦးက ပြုလုပ်ခဲ့သည်။ ဗုံးခွဲမှုများကြောင့် ဗလီသို့ လာရောက်သည့် ဝတ်ပြုသူများ​ အပြင် အစိုးရ လုံခြံုရေး အစောင့်​ တပ်ဖွဲ့များပါ သေဆုံးကုန်သည်။ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့များက ယခုလုပ်ရပ်ကို ဂျန်ဒူလာ ဆွန်နီသူပုန် တပ်ဖွဲ့များက ပြုလုပ်ခဲ့ခြင်းဟု စွပ်စွဲထားပြီး ဇွန်လက အီရန်ရှိ ၎င်းတို့၏ ခေါင်းဆောင်အား ဆွဲကြိုးချ သေဒဏ်​ ပေးခြင်းအား လက်တုန့်​ ပြန်ခြင်းဟု ပြောကြားခဲ့သည်။ အသေခံ ဖောက်ခွဲမှုများ မပြုလုပ်မီပင် ဂျန်ဒူလာ အဖွဲ့က ခေါင်းဆောင်ဖြစ်သူ အဘာဒိုမာလက်ရီဂီအား သေဒဏ်​ ပေးခြင်း​ အပေါ် တုန့်ပြန်မည်ဟု အာဏာပိုင်များထံ email ပေးပို့ခဲ့သေးကြောင်း သိရသည်။

မျက်မြင်များက ဗုံးခွဲမှုများအပြီး ဗလီဝန်းကျင်တွင် သွေးလွှမ်းသွားပြီး ယမ်းငွေ့များ၊ အသားစများ၊ သွေးကွက်ကြီးများ ပြည့်နှက်နေကြောင်း ပြောကြားခဲ့သည်။ ဗလီနှင့် အနီးတဝိုက်ကို ရှင်းလင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကြက်ခြေနီ တပ်ဖွဲ့များက ဗုံးပေါက်ကွဲမှုအတွင်း လူပေါင်းဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့သလို နောက်ထပ်သေဆုံးသူ အရေအတွက် တိုးပွားလာနိုင်ကြောင်း ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here