​​လမ်း​မ​လျှောက်​နိုင်​သူ​များ​ အ​တွက်​ ​​​ဇီ​ဝ​ ခြေ​တု​များ​ ​တီ​ထွင်​နိုင်​ပြီ

alt

နယူးဇီလန်မှ သုတေသီများသည် လူနာတင် ဝှီးချဲများ နေရာတွင် ရေရှည် အစားထိုးရန် ရည်ရွယ်​ ထားသော ဇီဝ​ ခြေတုများကို တီထွင်​ လိုက်ပြီ​ ဖြစ်သည်။

ယင်း​ ဇီဝခြေတုသည် သွက်ချာပါဒနှင့် လေဖြတ်မှုများကြောင့် လမ်းမလျှောက်နိုင်သူများကို လမ်းလျှောက်​ နိုင်အောင် ကူညီ​ ပေးခဲ့သည်။ ပြီးခဲ့သည့် ၅​ နှစ်က မော်တော်​ ဆိုင်ကယ် မတော်တဆမှု တစ်ခု​ အတွင်း ကျောရိုးတွင် ပြင်းပြင်း​ ထန်ထန် ထိခိုက်မိခဲ့သည့် ဟေဒန်အလန်သည် မည်သည့်​ အခါမျှ လမ်းပြန်​ မလျှောက်​ နိုင်တော့ဟု ဆရာဝန်များက မှတ်ချက်ပြုခြင်း ခံထားရသည်။ သို့သော်လည်း Rex​ ဟု အမည်​ ပေးထားသည့် ဇီဝခြေတုကို ပထမဆုံး သုံးစွဲ​ ခွင့်ရသူ ဖြစ်လာပြီးနောက် ဟေဒန်နှင့် ပတ်သက်သော ဆရာဝန်များ၏ ကောက်ချက်များ​ အားလုံး လွဲမှား​ သွားခဲ့သည်။ လူ၏ အရိုး​ အဖွဲ့အစည်းကို ထောက်ကန်​ ပေးနိုင်သည့် အဆိုပါ စက်ရုပ်ခြေတုသည် ဟေဒန်​ အတွက် များစွာ​ အဆင်ပြေ​ နေပြီဖြစ်သည်။ (၃၈)ကီလိုဂရမ် အလေးချိန်ရှိသော ခြေတုကို အသုံးပြုသည့် မသန်စွမ်းသူများ​ အနေနှင့် ခြေတုပေါ်မှ ထိုင်ခုံပေါ် ရွှေ့ပြောင်းခြင်း စသည်တို့ကို အကူအညီ​ မပါဘဲ လုပ်နိုင်မည်ဟု​ ဆိုသည်။ အုက်ကလန် အာရုံကြော ဆေးပညာ ဌာနမှ ဒေါက်တာရစ်ချတ် ရော့စဘက်က နှစ်နှင့်ချီပြီး လမ်းမလျှောက်ခဲ့ရသည့် ၎င်း​ ၏​ လူနာများသည် Rex​ ကြောင့် ဘဝကို အသစ်​ စရသည့်နှယ် ပျော်ရွှင်​ တက်ကြွ​ သွားခဲ့ကြောင်း ပြောဆိုသွားသည်။

Rex Bionics ကုမ္ပဏီမှ ထုတ်လုပ်သော ခြေတုများသည် သာမန်အသုံးပြုသည့် အခြေအနေတွင် ဘက်ထရီမှာ တစ်ရက်လုံးလုံး အားမသွင်းဘဲ ဆက်တိုက်သုံးစွဲနိုင်သည်။ Rex Bionics ၏ CEO ဖြစ်သူ ဂျင်နီမော်ရယ်က လက်ရှိအချိန်တွင် စမ်းသပ်သုံးစွဲမှုများ ပြုလုပ်နေဆဲဖြစ်သော ခြေတုအား မကြာမီ ဈေးကွက်အတွင်း ရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းမှာ ဒေါ်လာ (၁၅၀၀၀၀) ဝန်းကျင်မျှ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ခြေတုအား (၂၀၁၀) တွင် နယူးဇီလန်နိုင်ငံအတွင်း ရောင်းချနိုင်ရန် မျှော်လင့်ထားပြီး (၂၀၁၁) ခုနှစ် နှစ်လယ်ပိုင်းတွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနိုင်မည်ဟု ခန့်မှန်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here