​ချီ​လီ​နိုင်ငံ​တွင်​ ​အင်​အား​ပြင်းင​လျင်​လှုပ်

alt

ချီလီနိုင်ငံတွင် ဇူလိုင်လ (၁၁) ရက် နေ့က အင်အား ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ် သွားကြောင်း သိရသည်။ အမေရိကန် ငလျင် တိုင်းတာရေး ဌာနက ချီလီ အရှေ့မြောက်ပိုင်း

အန်တိုဖာဂက်စတာသို့ ဦးတည် လှုပ်ခတ်သွားသည့် ငလျင်သည် ရစ်ချ်တာစကေး (၆.၂) ထိ  ရှိကြောင်း ကြေညာခဲ့သည်။

ယင်း ငလျင်သည် ကာလာမာ အရှေ့မြောက်ဖက် ကီလိုမီတာ (၅၀) အကွာ မြေအနက် (၉၁) ကီလိုမီတာသို့ ဗဟိုပြု လှုပ်ရှား သွားခြင်းဟု သိရသည်။ ငလျင်ကြောင့် ချီလီတွင် ကြီးမားသော ပျက်စီး ဆုံးရှုံးမှု၊ ထိခိုက် ဒဏ်ရာရမှုများ မဖြစ်ပေါ်ခဲ့ချေ။ သို့သော်လည်း ဆန်ပီဒရိုဒီ အာတာကာမာနှင့် အခြားမြို့များတွင် ငလျင်ကို ခံစားသိရှိခဲ့ကြောင်း ဒေသ ခံများက ပြောကြားခဲ့သည်။ ပစိဖိတ် မီးကွင်းဒေသတွင် အကျံုးဝင်နေသော ချီလီသည် သမိုင်းတွင် အကြီးမားဆုံး ငလျင်ကြီးများ လှုပ်ခတ်မှုကို ကြံုတွေ့ခဲ့ရဖူးသည်။

ဖေဖော်ဝါရီလ (၂၇)ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အား(၈.၈)ရှိသော ငလျင်ကြီးနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ဆူနာမီ ရေလှိုင်းများကြောင့် ချီလီတွင် လူပေါင်း(၅၂၁)ဦး သေဆုံးပြီး ဒေါ်လာဘီလျံ (၃၀)ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့သည်။ ချီလီ၏ စီးပွားရေးသည် (၂၀၀၉)ခုနှစ်နောက်ပိုင်း ပြန်လည်နာလံထူစ ပြုလုပ်ချိန်တွင် အဆိုပါ ငလျင်ကြီးကြောင့် ဆိုးဆိုးရွားရွား ပြန်လည်ထိခိုက်ခဲ့ရကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here