စ​ပိန်​ကွင်း​လယ်​လူ​ဒေး​ဗစ်​ဆေး​ဗား​ ​မန်​စီး​တီး​ အ​သင်း​ သို့​ရောက်​ရှိ

alt

မန်ချက်စတာစီးတီး အသင်းက ခေါ်ယူ လိုက်သည့် စပိန် အလယ်တန်းလူ ဒေးဗစ် ဆေးဗားသည် အင်္ဂလန် မြေသို့ ရောက်ရှိ လာပြီ ဖြစ်သည်။ အသက်​ ၂၄​ နှစ် အရွယ် ဗလန်စီယာ ဘယ်တောင်ပံ တိုက်စစ်မှူးအား စီးတီးက

ပေါင်​ ၂၄​ သန်းဖြင့် ခေါ်ယူ နိုင်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၁၄ရက်နေ့က စီးတီးသို့ ရောက်ရှိလာသည့် ဆေးဗားသည် ၎င်း ဝတ်ဆင်မည့် နံပါတ်​ ၂၁​ ပါ အင်္ကျီသစ်ကို ပရိသတ်များအား ပြသ ခဲ့သည်။ ဆေးဗားသည် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ ဝင်ရောက် ယှဥ်ပြိုင်နေသည့် တောင်အာဖရိက နိုင်ငံတွင်ပင် ဆေးစစ်မှု အောင်မြင်ခဲ့ပြီး ဖြစ်ကြောင်း စီးတီး အာဏာပိုင်များက ကြေညာခဲ့သည်။ လက်ရှိ ကမ္ဘာ့ ချန်ပီယံနှင့် ဥရောပ ချန်ပီယံ စပိန် အသင်း၏ အားထားရသည့် ကစားသမားက စီးတီးသို့ ပြောင်းရွှေ့ခွင့် ရခြင်း အတွက် ဂုဏ်ယူကြောင်းနှင့် ချန်ပီယံလိဂ်တွင် အောင်မြင်မှုများ ရယူနိုင်ရန် မျှော်လင့် ထားကြောင်း ပြောကြား သွားသည်။ မန်ချက်စတာ ယူနိုက်တက်က ပစ်မှတ်ထားခြင်း ခံရဖူးသော ဆေးဗားအား စပိန် ထိပ်သီး ရီးရဲလ် မက်ဒရစ်နှင့် ဘာစီလိုနာတို့က စိတ်ဝင်စား ခဲ့သေးသော်လည်း ဗလန်စီယာက ပြည်တွင်း ပြိုင်ဖက်များထံသို့ အသင်း၏ အဓိက ကစားသမားကို ရောင်းချရန် ငြင်းပယ်ခဲ့သည်။

ဆေးဗားသည် စီးတီး၏ ယခုနှစ် နွေရာသီတွင် အားဖြည့် ခေါ်ယူခဲ့သည့် တတိယမြောက် ကစားသမား ဖြစ်ပြီး ယခင်က ဘာစီလိုနာမှ အိုင်ဗရီကို့ ကွင်းလယ်လူ ယာယာတိုရေးနှင့် ဟာသာဘာလင်မှ ဂျာမန်တောင်ပံ ခံစစ်မှူး ဂျာရိုမီဘိုတန်တို့ကိုလည်း စာချုပ် ခေါ်ယူပြီးဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here