​မင်း​သ​မီး​ဒ​ရူး​ဘယ်​ရီ​မိုး​အား​ ​ဘင်​လာ​ဒင်​၏ ​သား​က​ ​လို​ချင်​

alt

အိုစမာ ဘင်လာဒင်၏ သားဖြစ်သူက ၎င်းသည် မင်းသမီး ဒရူးဘယ်ရီမိုးအား လိုချင်ကြောင်း ပြောကြား ခဲ့သည်။ အသက် ၂၉ နှစ် အရွယ် အိုမာသည် ၎င်းထက် ၂၅ နှစ် ပိုကြီးပြီး ၆ ကြိမ် လက်ထပ်ဖူးသူ ဇိုင်နာနှင့် လောလောလတ်လတ် ကွာရှင်းထားပြီး

ယင်းသည် ဟောလီးဝုဒ်၏ အလှဆုံး အမျိုးသမီး တစ်ဦးဖြစ်သော ဘယ်ရီမိုးနှင့် Date​ လိုကြောင်း ပြောကြားခဲ့သည်။

အသက်ပိုကြီးသည့် အမျိုးသမီးများကို ပိုမိုနှစ်သက်ဟန်ရှိသည့် အိုမာသည် အသက် ၃၅ နှစ် ရှိပြီ ဖြစ်သည့် မင်းသမီးကိုလည်း သဘောကျနေသည်။ ယခုအခါ လွတ်လွတ် လပ်လပ် ဘဝကို ပြန်ရောက်နေပြီ ဖြစ်သောကြောင့် ၎င်းနှစ်သက်သည့် ဘယ်ရီမိုးကို မပိုးပန်း နိုင်စရာ အကြောင်းမရှိဟု အိုမာက The Sunသို့ ပြောကြားခဲ့သည်။

ဖခင်ဖြစ်သူက အမေရိကန်၏ နံပါတ်(၁) ရန်သူကြီး ဖြစ်နေသော်လည်း အိုမာကမူ ၎င်းသည် အမေရိကန် ယဥ်ကျေးမှုကို ချစ်မြတ်နိုးကြောင်းလည်း ပြောဆိုသွားသည်။ ၎င်းက ဂျင်ကရေး ရုပ်ရှင်များ၊ အမေရိကန် ဘောလုံးပွဲများနှင့် Rockဂီတတို့ကို နှစ်သက်ကြောင်း ဖွင့်ဟခဲ့သည်။ ထို့အပြင် မိမိသည် Popဂီတ အဆိုတော် မက်ဒေါနား၏ အမာခံ ပရိသတ်ဖြစ်ကြောင်းလည်း အိုမာက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here