အ​မျိုး​သ​မီး​များ​၏​ မှတ်ဉာဏ်နှင့်​ ​ကိုယ်​အ​လေး​ချိန်​ ​ဆက်​စပ်​မှု​ရှိ

alt

အမေရိကန် သုတေသီများက အမျိုးသမီး​ တစ်ဦး၏ မှတ်ဉာဏ်သည် သူမ၏ ကိုယ်​ အလေးချိန်နှင့်​ လည်း ဆက်စပ်မှု ရှိနေကြောင်း ပြောကြာ​ းခဲ့သည်။

အဝလွန်သော အမျိုးသမီးများသည် ဦးနှောက်၏ စွမ်းဆောင်ရည် ကျဆင်း​ သွားလေ့ ရှိသောကြောင့် ကိုယ်အလေးချိန် များလေလေ၊ မှတ်ဉာဏ် လျော့နည်း​ လေလေဟု သိရသည်။ ချီကာဂိုရှိ ဖင်းဘတ်​ တက္ကသိုလ်မှ ပညာရှင်များက အဝလွန်​ နေသည့် အမျိုးသမီးများသည် မှတ်ဉာဏ်​ ထုံထိုင်း နည်းပါး​ လေ့ရှိကြောင်းလည်း ပြောကြားခဲ့သည်။ ဒေါက်တာ​ ဒိုင်ယာနာ ကာဲဝင်က သိသိသာသာ ဆက်စပ်မှုမျိုး မရှိ​ သော်လည်း ကိုယ်အလေးချိန် တိုးခြင်းသည် မှတ်ဉာဏ်ပိုင်းကို ရာခိုင်နှုန်း အနည်းငယ်စီမျှ ထိခိုက်​ လာစေမည်​ ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ဒေါက်တာကာဲဝင်နှင့် သုတေသီများသည် အသက် ၆၅ နှစ်မှ ရ၉ နှစ်ကြား အမျိုးသမီးပေါင်း ၈၇၄၅ ဦး၏ မှတ်ဉာဏ်များကို သုတေသနပြု လေ့လာခဲ့ပြီးနောက် ယခု​ ရလဒ်အား တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဝလွန်ခြင်းသည် အမျိုးသမီးများ၏ ဦးနှောက်လှုံ့ဆော်မှုအပြင် ဟိုမုန်းများအပေါ်တွင်ပါ သက်ရောက်မှု ရှိနိုင်ကြောင်း သုတေသီများကဆိုသည်။ ကိုယ်အလေးချိန် တက်လာမှုသည် လေဖြတ်ခြင်း၊ ဆီးချိုနှင့် နှလုံးရောဂါများနှင့်ပါ ဆက်စပ်မှုများ ရှိနေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here