​က​မ္ဘာ့​အ​ကြီး​ဆုံး​ရင်​သား​ပိုင်​ရှင် ​မော်​ဒယ်​ ​သူ​မ​၏​ဂုဏ်ပုဒ်ကို​ ​စွန့်​လွှတ်ရ​ဖွယ်​

alt

ကမ္ဘာ့ အကြီးဆုံး ရင်သား ပိုင်ရှင်အဖြစ် စံချိန် တင်ထား နိုင်သည့် မော်ဒယ်မှာ ယခုအခါ သူမ၏ ဂုဏ်ပုဒ်ကို စွန့်လွှတ် ရရန် နီးစပ် နေကြောင်း သိရသည်။ အသက်​ ၃၀​ အရွယ် ဘရာဇီးသူ ရှီလာဟာရှေသည်

သူမ၏ နောက်ဆုံး ပြုလုပ်ခဲ့သည့် ရင်သား ကြီးထွားမှု Operation တစ်ခု အတွင်း ရောဂါပိုး ဝင်ရောက်မှုနှင့် ကြံုနေရသည်။ ပြီးခဲ့သည့်လက ဖြစ်ပွား ခဲ့သော အဆိုပါ ကိစ္စကြောင့် ရောဂါ ပိုးသည် သူမ၏ သွေးကြောများကို ဖျက်ဆီး စားသောက်ကာ အသက်အန္တရာယ် စိုးရိမ် ရလောက်အောင် ဖြစ်လာနိုင်ကြောင်း ဆရာဝန်များက သတိ ပေးထားသည်။ ထို့အပြင် သူမ၏ ထိုးသွင်း ထားသော ရင်သား အတုများနှင့် မူရင်း ရင်သား တစ်သျှူးများကိုပါ ဖြတ်တောက် ဖယ်ရှားရဖွယ် ရှိနေကြောင်း ဆရာဝန်များက ခန့်မှန်း ထားသည်။ ရင်သား အရွယ် 38KKK ရှိ ရှီလာသည် ဇူလိုင်လ ၁၃​ ရက်နေ့ ကတည်းက အမေရိကန်ရှိ သူမနေထိုင်ရာ ဟူစတန်မြို့ ဆေးရုံ တစ်ခုတွင် ကုသမှု ခံယူနေရပြီး သက်သာ ကောင်းမွန်လာကြောင်း သိရသည်။

ရှီလာသည် သူမ၏ သက်တမ်းတလျှောက် ရင်သား ကြီးထွားရန် ခွဲစိတ်မှု ၁၀​ ကြိမ် ပြုလုပ် ခဲ့ဖူးပြီးဖြစ်သည်။ ရှီလာက သူမ၏ ရင်သားအတွင်း ရောဂါပိုးကြောင့် နာကျင်မှုသည် မခံမရပ်နိုင်အောင် ဆိုးရွားကြောင်း ပြောကြားခဲ့သည်။ ဆရာဝန်များသည် သူမ၏ ရင်သားကို ခွဲစိတ် ဖယ်ရှားရန် လိုမလို စောင့်ကြည့် နေဆဲဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here