​ဖော်​မြူ​လာဝမ်း​ပြိုင်​ပွဲဝင်​ McLaren​ ​ကား​မောင်း​သ​မား​များ​အား​ ​အ​သင်း​ပိုင်​ရှင်​ချီး​ကျူး

alt

ဖော်မြူလာဝမ်း ကားမောင်း​ ပြိုင်ပွဲဝင်် McLaren​ အသင်း​ ပိုင်ရှင်က ၎င်း၏​ ပြိုင်ကားမောင်း​ သမားများအား ချီးကျူး​ ပြောကြား​ လိုက်သည်။ အသင်း​ ပိုင်ရှင် မာတင်ဝှစ်မတ်က လူးဝစ်​ ဟာမီတန်နှင့် ဂျန်ဆန်ဘာတန်တို့သည်

ဗြိတိန်​ ဂရင်းပရီတွင် ၁၈ မှတ် ရရှိ​ စေခဲ့ပြီးနောက် အသင်း​ အတွက် များစွာ​ အကျိုးပြုခဲ့သဖြင့် မယုံ​ နိုင်လောက်အောင် စွမ်းဆောင်​ ပြခဲ့သူများဟု ချီးကျူး​ လိုက်သည်။ ဇူလိုင်လ ၁၁ ရက်နေ့ ပြိုင်ပွဲတွင် ယင်းတို့​ နှစ်ဦးလုံးသည် အကောင်းဆုံး မောင်း​ သွားနိုင်ခဲ့ပြီး ဟယ်မီတန်သည် ဒုတိယ​ နေရာမှ ပန်းဲဝင်​ ခဲ့ကာ ၂၀၀၉ ခုနှစ် ဖော်မြူလာဝမ်း ချန်ပီယံ ဘာတန်ကလည်း နံပါတ်​ ၁၈​ ဖြင့် တာထွက် ရာမှ စတုတ္ထဖြင့် ပန်းဝင် ခဲ့သည်။

ဝှစ်မတ်က ၎င်း၏ ပြိုင်ကားမောင်းသမား နှစ်ဦးလုံးသည် ရဲဝံ့စွာ၊ ထက်မြက်စွာ အစွမ်းပြ ခဲ့ကြကြောင်း ပြောကြား သွားသည်။ ယခုပွဲသည် ဖော်မြူလာဝမ်း ပြိုင်ပွဲ တစ်ခုလုံး၏ အမှတ်ပေးဇယား အတွက် အလွန် အရေးကြီးကြောင်း ကြိုတင် မှာကြားခဲ့သလို ဟာမတီတန်ရော၊ ဘာတန်ပါ အကောင်းဆုံး ယှဥ်ပြိုင် သွားခဲ့ခြင်း အတွက် ကျေးဇူးလည်း တင်ကြောင်း ဝှစ်မတ်ကဆိုသည်။ McLaren အသင်းသည် နောက်ဆုံးဂရင်းပရီ ပြိုင်ပွဲလေးခုလုံးတွင် မူလခန့်မှန်းသည့် ရလဒ်ထက် မြင့်မားစွာ ရရှိခဲ့သည်။ ပြိုင်ပွဲလေးခုစာအတွက် အမြင့်ဆုံး ရနိုင်မည့် အမှတ်အဖြစ် ၁၇၂ မှတ် ရှိနေချိန်တွင် မိမိတို့က ၁၄၉ မှတ် အရယူနိုင်ခဲ့ကြောင်း ဝှစ်မတ်ကဆိုသည်။ မိမိတို့အနေနှင့် ဗြိတိန်ဂရင်းပရီတွင် ဗိုလ်မစွဲနိုင်ခဲ့သော်လည်း ယနေ့သည် အလွန်ကောင်းမွန်သည့် ရလဒ်များ ပိုင်ဆိုင်ရာ နေ့အဖြစ် သတ်မှတ်နိုင်ကြောင်းလည်း အသင်းပိုင်ရှင်က ပြောဆိုသွားသည်။

ဟာမီတန်သည် ယခုနှစ် ပြိုင်ပွဲတွင် အသက်အငယ်ဆုံး ဖော်မြူလာဝမ်း ချန်ပီယံ ဖြစ်လာစေရန် အားထုတ်ကြိုးပမ်းနေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here