​သ​မီး​ဖြစ်​သူ​ ​လိင်​ဆက်​ဆံ​သည်​ကို​ ​ဗီ​ဒီ​ယို​ရိုက်​သည့်​ ဖ​ခင်​အား​ ​ထောင်ဒဏ်ချမှတ်

alt

ထိုင်ဝမ် အာဏာပိုင်များသည် အသက် မပြည့်သေးသည့် သမီးဖြစ်သူ လိင် ဆက်ဆံ နေသည်ကို ဗီဒီယို ရိုက်ခဲ့သည့် ဖခင် တစ်ဦးအား ထောင်ဒဏ်​ ၁​ နှစ် ချမှတ် လိုက်ကြောင်း သိရသည်။

ဒါရိုက်တာ တစ်ဦးဖြစ်သည့် ယင်း ဖခင်သည် ပြီးခဲ့သည့် နှစ် ဩဂုတ်လက အသက်​ ၁၅​ နှစ်အရွယ် သမီးမှာ အင်တာနက် Social Networking ဝက်ဆိုက် တစ်ခုတွင် တွေ့ဆုံခဲ့သူ တစ်ဦးနှင့် လိင် ဆက်ဆံမှု ရှိနေကြောင်း သိရှိ လာခဲ့သည်။ ၎င်းသည် ထို ကိစ္စ အတွက် သမီးအား မတားမြစ်ဘဲ ဟိုတယ်ခန်း တစ်ခုတွင် အဆိုပါ ပုဂ္ဂိုလ်နှင့် ချိန်းဆိုကာ နောက်တစ်ကြိမ် လိင် ဆက်ဆံရန် ညွှန်ကြားခဲ့သည်။ ထို့နောက် အသက်​ ၄၂​ နှစ် အရွယ် ဖခင်သည် သူငယ်ချင်း တစ်ဦးကိုခေါ်ကာ အခန်းထဲတွင် လျှို့ဝှက် ကင်မရာ တပ်ဆင်ပြီး သမီးဖြစ်သူ ချစ်ရည်လူးနေပုံကို ရိုက်ကူးခဲ့သည်။ ထို့နောက် ၎င်းနှင့် မိတ်ဆွေတို့မှာ အခန်းတွင်း အတင်းဝင်ပြီး သမီးဖြစ်သူ၏ အသက်​ ၃၇​ နှစ်အရွယ် အင်တာနက်မှ အမျိုးသား မိတ်ဆွေအား တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ၎င်းအား ခြိမ်းခြောက်မှုများ ပြုလုပ်ပြီး ထိုင်ဝမ်ငွေ ၄၀၀၀၀၀​ ပေးရန် ငွေညှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကိစ္စသည် ရဲထံ ရောက်ရှိခဲ့ပြီးနောက် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပြီး ဇူလိုင်လ ​ ၁၂​ ရက်နေ့က အပြီးသတ် စီရင်ချက်များ ချမှတ်လိုက်ပြီဖြစ်သည်။

တရားရုံး ဆုံးဖြတ်ချက်အရ အင်တာနက်မှတဆင့် မိန်းကလေးနှင့် တွေ့ဆုံခဲ့သော အမျိုးသားမှာ အသက်မပြည့်သေးသူအား လိင်ဆက်ဆံမှုဖြင့် ထောင်ဒဏ်(၃)နှစ်၊ မိန်းကလေး၏ ဖခင်နှင့် ၎င်း၏မိတ်ဆွေတို့မှာ အသက်မပြည့်သေးသည့် မိန်းကလေးအား လိင်မှုဗီဒီယို ရိုက်ကူးရန် စေခိုင်းမှုအတွက် ထောင်ဒဏ်​ ၁​ နှစ်စီ ချမှတ်ခြင်း ခံလိုက်ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here