Blogger တစ်ဦးအား အသေ​ ရိုက်နှက်ခဲ့မှုကြောင့် အီဂျစ် ရဲနှစ်ဦး အဖမ်းခံရ

alt

အီ​ဂျစ်​ နိုင်ငံ​မှ ရဲ​နှစ်ဦး​သည်​ Blogger​တစ်ဦး​အား​ အ​သေ​ရိုက်​နှက်​ခဲ့​မှု​အ​တွက်​ အဖမ်း​ခံ ​ထား​ရ​ကြောင်း သိ​ရှိ​ရ​သည်​။​​ မာ​မွတ်​ဆာ​လား​မာ​မွတ်​နှင့်​အ​ဝက်​အစ်​ဇ​မဲ​​ ဆူ​လီ​မန်​ တို့​သည် Blogger​ ​ခါ​လက်​မို​ဟာ​မက်​အား

​ဝ​ရမ်း​မ​ပါ​ဘဲ​​ ဖမ်း​ဆီး​မှု​၊​​ ရိုက်​နှက်​ သတ်​ဖြတ်​မှု​များ​ဖြင့် စွဲ​ချက်​​ တင်​ခံ​ထား​ရ​သည်​။​

အ​သက် (​၂၈)​ နှစ်​ရှိ​ Blogger​ မှာ​ရဲ​များ​ နှင့် မူး​ယစ်​ ဆေးဝါး​ရောင်း​ဝယ်​ရာ​မှ​ရ​ရှိ​လာ​သော​ ​အ​မြတ်​အ​စွန်း​ကို​ခွဲ​ဝေ​ နေ​ခြင်း​အား အင်​တာ​နက်​တွင်​​ ဗီ​ဒီ​ယို Upload​ တင်​ခဲ့​သည့်​ အ​တွက်​​ ရဲ​နှစ်ဦး​၏​လက်​စား ​ချေ​မှု​ကို ခံ​ခဲ့​ရ​ခြင်း​ဖြစ်​သ​ည်​။​ ရဲ​နှစ်ဦး​သည်​​ ခါ​လက်​အား​ အင်​တာ​နက်​က​ဖေး​ တစ်​ခု​မှ တ​ရွတ်​ဆွဲ​ခေါ်​ကာ​သေ​သည်​အ​ထိ​ရိုက်​နှက်​နှိပ်​စက်​ခဲ့​ကြောင်း​  MENA ​သ​ တင်း​ဌာ​န​က ဖော်​ပြ​ထား​သည်​။​ ဇွန်​လ​ အ​တွင်း​က​ဖြစ်​ပွားခဲ့​သော​ ရာ​ဇ​ဝတ်​မှု​နှင့် ပတ်​သက်​ပြီး​ ခါလက်​၏​ ခ​န္ဓာ​ကိုယ်​ပေါ်​ရှိ​ ဒဏ်​ရာ​များ​မှာ​ သေ​လောက်​ အောင် ပြင်း​ထန်​မှု​ မ​ရှိ​ကြောင်း​ ရဲ​နှစ်ဦး​၏​ ရှေ့​နေ​က ​ပြော​ကြား​ထား​သည်​။

တာ​ဝန်​ရှိ​သူ​များ​က​ ခါ​လက်​သည်​သေ​ဆုံး​ချိန်​တွင်​ လည်​ချောင်း​အ​တွင်း မူး​ယစ်​ဆေး​တစ်​မျိုး​ အ​တင်း​ထိုး​သွင်း​ခံ​ထား​ရ​ပြီး​​ အ​သက်​ရှူ​ကြပ်​ရာ​ မှ သေ​ဆုံး​သွား​ခြင်း​ဟု​​ ကြေ​ညာ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here