​မ​က္က​စီ​ကို​ပင်လယ်​ကွေ့​မှ​ ​ရေ​နံ​ယို​စိမ့်​မှု​အား​ ​ရပ်​တန့်​နိုင်​ပြီ​ဟု​ BP​ ကုမ္ပဏီ​ကြေ​ညာ

alt

နောက်ဆုံးတွင်တော့ မက္ကစီကို ပင်လယ်ကွေ့​ အတွင်း ယိုစိမ့်​ ထွက်နေသည့် ရေနံများကို ရပ်တန့်​ လိုက်နိုင်ပြီဟု BP​ ကုမ္ပဏီက ကြေညာခဲ့သည်။

ယင်းဒေသရှိ ရေနေ​ သတ္တဝါများ​ အတွက် ကပ်ဆိုးအသွင် ဆောင်ခဲ့သည့် ရေနံ​ ယိုစိမ့်မှုကြီးသည် ရေနံ​ ဂါလန်ပေါင်း ၁၈၄ သန်း စိမ့်ထွက်​ ပြီးသည့်နောက် ၈၅ ရက်မြောက်နေ့တွင် စိမ့်ထွက်မှု ရပ်ဆိုင်း​ သွားပြီဟု သိရသည်။ အမေရိကန်၏ သမိုင်းတလျှောက် အကြီးမားဆုံး ပတ်ဝန်းကျင် ညစ်ညမ်းမှုကြီးကို ဖြစ်ပေါ်​ စေခဲ့ခြင်းသည် ဇူလိုင်လ ၁၅ ရက်နေ့တွင် အပြီးတိုင်ခဲ့ပြီဟု BP​ က ကြေညာသည်။ လောလောဆယ်တွင် ယာယီ​ တပ်ဆင် ပိတ်ဆို့မှုများသာ ပြီးသေး​ သော်လည်း နောက်ထပ်​ လုံးဝ မယိုထွက်အောင် မျှော်လင့်ချက် မြင့်မြင့်​ မားမား ထားရှိနိုင်ပြီဟု သိရသည်။ BP အနေနှင့် ရေနံစိမ့်ထွက်မှု ရပ်ဆိုင်း​ သွားခြင်းကို စိတ်ချလက်ချ ဖြစ်သည်အထိ အချိန်ယူ ပြင်ဆင်မှုများ ပြုလုပ်​ ရဦးမည်ဖြစ်သည်။ ရေအောက်တွင် ယိုစိမ့်မှု ဖြစ်ပွားနေသည့် အဆို့ကြီး သုံးခုမှာ ဆက်လက်​ ယိုထွက်နေခြင်း မရှိတော့ကြောင်း BP ကဆိုသည်။ BP ကုမ္ပဏီသည် ရေနံ​ ယိုစိမ့်မှုကြောင့် အကြီးအကျယ် အခက်ကြံုရပြီး အမေရိကန် သမ္မတ ဘာရတ်အိုဘားမား ကိုယ်တိုင်က တောင်းဆို​ ညှိနှိုင်းမှုကြောင့် ရေနံယိုစိမ့်ရာ ဒေသ၏ ပတ်ဝန်းကျင် ပြန်လည်​ သန့်စင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဒေါ်လာဘီလျံ ၂၀ ရံပုံငွေ ထားရှိပေးရန် သေဘာတူထားရသည်။

BP​ မှ အင်ဂျင်နီယာများသည် ရက်ပေါင်းများစွာ ကြိုးစားခဲ့မှု၏ ရလဒ်အဖြစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် နောက်ထပ်ရေနံများ ထပ်​ မထွက်လာတော့သည်ကို ပထမဆုံး သတိပြုမိခဲ့ခြင်းဖြစ်သည်။ ယခု​ အောင်မြင်မှုသတင်း ထွက်ပေါ်​ လာပြီးနောက် အကျဖက် ရောက်နေသည့် BP​ ရှယ်ယာများသည်လည်း ရ.၆ ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ ၂.၇၄ ဒေါ်လာ တက်သွားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here