​အာ​ဖဂန်​စစ်​မြေ​ပြင်​တွင်​ ၂၄​​ နာ​ရီ​အ​တွင်း​ ​အ​မေ​ရိ​ကန်​စစ်​သား​ ​၈​ ဦး​ကျ​ဆုံး

alt

အာဖဂန်နစ္စတန် စစ်ပွဲတွင် ​ ၂၄​ နာရီအတွင်း အမေရိကန်​ စစ်သား​ ၈​ ဦး ကျဆုံး​ ​သွားကြောင်း သိရသည်။ တာလီဘန်များက တောင်ပိုင်း​ ကန်ဒါဟာရှိ အချက်အချာ​ ကျသော ရဲစခန်း​ တစ်ခုကို ဝင်ရောက်​ စီးနင်းမှုကို

တုန့်ပြန်တိုက်ခိုက်မှု အပါအဝင် တာလီဘန်တို့နှင့် ရင်ဆိုင်​ နေစဥ်​ အတွင်း အမေရိကန် စစ်သားများ သေဆုံးခြင်းဖြစ်သည်။ ဇူလိုင်လ ​ ၁၃​ ရက်နေ့က ၉​ နှစ်ကြာ စစ်ပွဲအတွင်း အချိန်တို​ အတွင်း အကြီးမားဆုံး ကျဆုံးမှုများကို တွေ့ဆုံ​ ခဲ့ကြောင်း အမေရိကန် စစ်ဖက်က အတည်ပြုခဲ့သည်။

ဇူလိုင်လအတွင်း ပူးပေါင်းစစ်ဆင်ရေး တပ်ဖွဲ့ဝင် ​ ၄၅​ ဦး သေဆုံးခဲ့ပြီးဖြစ်ရာ ​ ၃၃​ ဦးသည် အမေရိကန်များဖြစ်သည်။ ပြီးခဲ့သည့် လကမူ အာဖဂန် စစ်ပွဲသမိုင်းတွင် NATO တပ်ဖွဲ့ဝင်များ သေဆုံးမှု အမြင့်မားဆုံး စံချိန်အဖြစ် စစ်သည်​ ၁၀၃​ ဦး သေဆုံးခဲ့သည်။ ဇူလိုင်လ ၁၂​ ရက်နေ့က အာဖဂန် ရဲစခန်းတစ်ခုကို ညပိုင်းတွင် ကားဗုံးဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်သမားများက စက်သေနတ်များ၊ RPG လောင်ချာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လုံခြံုရေးအစောင့် ​ ၂​ ဦးနှင့် အမေရိကန်စစ်သား ၃​ ဦးတို့ သေဆုံးခဲ့သည်။ နောက်တစ်နေ့ နံနက်တွင်မူ လမ်းဘေးဗုံး ပေါက်ကွဲရာမှ အမေရိကန်စစ်သား ​ ၄​ ဦးတို့ ထပ်မံသေဆုံးခဲ့ပြီး ထိုနေ့တွင်ပင် တောင်ပိုင်းဒေသမှ တိုက်ပွဲတစ်ခုအတွင်း ဒဏ်ရာရရှိသူ စစ်သားတစ်ယောက် ထပ်မံသေဆုံးသွားသည်။ တာလီဘန်တို့က ဇူလိုင်လ ၁၃​ ရက်နေ့ လမ်းဘေးဗုံးမှာ မိမိတို့ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်းက ကျူးကျော်သူများအား တုန့်ပြန်သည့် မုန်းတီးမှု ဒီရေသည် တစထက်တစ မြင့်တက်လာကြောင်း၊ အမေရိကန်နှင့် နောက်လိုက်များအားလုံး အာဖဂန်မှ ထွက်ပြေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဖဂန်ရှိ အမေရိကန်ဗိုလ်ချုပ် ဘန်ဟော့ဂ်က အမေရိကန်တို့၏ ကင်ဒါဟာ စစ်ဆင်ရေးသည် ကနဦးအဆင့်တွင်သာ ရှိနေသေးကြောင်း၊ အမေရိကန်စစ်တပ်အနေနှင့် တာလီဘန်တို့အား ထိုးစစ်ဆင်သည့် စစ်ရှိန်ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here