​ညှို့​​အား​ပြင်း​သည့်​ အဝတ်​အ​စား​​ မ​ပါ​​ ​ဓာတ်​ပုံ​များ​​ အ​ရိုက်​ခံ​မှု​​ အ​တွက် ​အီ​ဗာ​မန်း​ဒက်​​ လမ်း​ညွှန်

alt

ညှို့အားပြင်းသော အဝတ်မဲ့ ပုံရိပ်များ​ အတွက် ဓာတ်ပုံ​ အရိုက်ခံရာတွင် ရဲရင့်မှု​ ရှိရန် လိုအပ်ကြောင်း နာမည်ကျော် မော်ဒယ်​ တစ်ဦး​ ဖြစ်သည့် အီဗာမန်းဒက်က ပြောကြား​ လိုက်သည်။

သူမသည် ရိုက်သမျှ ဓာတ်ပုံတိုင်းရှိ ပုံရိပ်များ၏ တန်ဖိုး​ အတွက် သူမတွင်သာ တာဝန်​ ရှိသည်ဟု ခံယူ​ ထားကြောင်း အီဗာက​ ဆိုသည်။ အီဗာက သူမသည် Sexy​ ဖြစ်သည်​ ဆိုသော ခေါင်းစဥ်​ အောက်တွင် မရပ်​ တည်ချင်သော်လည်း မိမိ၏​ အလုပ်အား အကောင်းဆုံး လုပ်ကိုင်​ နေရကြောင်း၊ ကင်မရာရှေ့တွင် ဝတ်လစ်စားလစ် နေနိုင်ရန် ခက်ခဲသော်လည်း သတ္တိရှိရှိ နေနိုင်ရန် ကြိုးစား​ ခဲ့ရကြောင်း ပြောကြားခဲ့သည်။ အသက်​ ၃၆​ နှစ်ရှိ အီဗာသည် Allure မဂ္ဂဇင်း၏ ဩဂုတ်လထုတ် စာအုပ်​ အတွက် နယူးယောက်ရှိ စတူဒီယို တစ်ခုတွင် ဓာတ်ပုံ​ အရိုက်ခံခဲ့သည်။ ခန္ဓာကိုယ်​ ရှေ့ပိုင်း တစ်ခုလုံး လှစ်ဟ​ ပြရသည့် ကိစ္စ​ အတွက် ရဲရင့်မှု​ ရှိနေရန် အမှန်တကယ် လိုအပ်ကြောင်း အီဗာက သုံးသပ်ခဲ့သည်။ ခက်ခဲ​ သော်လည်း အကောင်းဆုံး လုပ်နိုင်သည်ဟု ယူဆကြောင်း၊ သူမသည် ယခု​ ကိစ္စကို အလုပ်အနေနှင့်သာ သဘောထားကြောင်း အီဗာက ပြောကြားသွားသည်။

အီဗာသည် The Other Guys ဇာတ်မြူးတွင်လည်း ပါဝင်​ သရုပ်ဆောင်ထားပြီး စက်တင်ဘာ ၂​ ရက်နေ့တွင် စတင်​ ပြသမည့် အဆိုပါ ရုပ်ရှင်တွင်မူ အဖော်အချွတ် ဇာတ်ကွက်များ မပါဝင်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here