​ပြင်​သစ်​တိုက်​စစ်​မှူး​ သီ​အာ​ရီ​ ဟင်​နရီ​ ​အ​မေ​ရိ​ကန်​ မေ​ဂျာ​လိဂ်​သို့​ ပြောင်း​

alt

ဘာစီလိုနာအသင်းမှ ပြင်သစ်​ လက်ရွေးစင် တိုက်စစ်မှူး သီအာရီဟင်နရီမှာ အမေရိကန်​ မြေသို့ ပြောင်းရွှေ့​ ကစား​ တော့မည်​ ဖြစ်သည်။ အသက်​ ၃၂​ နှစ်​ အရွယ် အာဆင်နယ် တိုက်စစ်မှူးဟောင်းသည်

မေဂျာလိဂ် ကလပ်​ အသင်း နယူးယောက်​ ရက်ဘူးသို့ သွားရောက်ကာ နှစ်အတန်ကြာ ကစားရန် သဘောတူညီမှု ရရှိခဲ့ပြီ​ ဖြစ်သည်။ ဥရောပ ထိပ်သီး​ အဆင့် ကစားသမားများ​ အနက် အင်္ဂလန် လက်ရွေးစင်ဟောင်း ဒေးဗစ်​ ဘက်ခမ်းနောက် ဟင်နရီသည် မေဂျာ​ လိဂ်သို့ ဒုတိယမြောက် ခြေချ​ လာသူ​ ဖြစ်သည်။

အမေရိကန်သို့ ပြောင်းလိုက်ခြင်းကို အားလပ်ရက် အပန်းဖြေ ခရီးထွက်ရန်ဟု အချို့က ထင်နေကြောင်း၊ တနည်းအားဖြင့် မှန်သော်လည်း လောလောဆယ် မဟုတ်သေးကြောင်း ၁၉၉၈​ ခုနှစ် ကမ္ဘာ့ဖလားနှင့် ​ ၂၀၀၀​ ပြည့်နှစ် ဥရောပ​ ဖလားတို့ကို ပြင်သစ်​ အတွက် ဆွတ်ခူးပေးခဲ့သည့် တိုက်စစ်မှူးကဆိုသည်။ ဟင်နရီသည် ဇူလိုင်လ ၂၂​ ရက်နေ့တွင် ရက်ဘူးနှင့် အင်္ဂလန်ကလပ် တော့တင်ဟမ် ဟော့စပါးတို့ တွေ့ဆုံမည့် ချစ်ကြည်ရေး ခြေစမ်းပွဲတွင် ပါဝင်ရန် ပြင်ဆင်နေသည်။

ဟင်နရီသည် ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ မှတ်တမ်းများ​ အရ အင်္ဂလိပ်​ အသင်း အာဆင်နယ်တွင် အအောင်မြင်ဆုံး ဖြစ်ခဲ့ပြီး အသင်း၏ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသ​လို​ ​နိုင်ငံ​တ​ကာ​ ​လက်​ရွေး​စင်​ ​အား​က​စား​သ​မား​​ ​အ​ဖြစ်​မှ​လည်း​​ ​အ​နား​ယူ​ခဲ့​​ပြီ​​ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here