​က​လေး​များ​အား​ ​စား​ပွဲ​တင်​ဇွန်း​ဖြင့်​ ဆေး​တိုက်​ခြင်း​က​ ​ဆေး​ဝါး​​ လွန်​ကဲ​မှု​​ ဖြစ်​နိုင်

alt

ကလေးများအား စားပွဲတင် ဇွန်းများဖြင့် ဆေးတိုက် ခြင်းကြောင့် ဆေးဝါး လွန်ကဲမှုများ ဖြစ်လာ နိုင်ကြောင်း သုတေသီများက သတိပေး ခဲ့သည်။ လေ့လာ တွေ့ရှိမှု အသစ်များ အရ

စားပွဲတင် လက်ဖက်ရည် ဇွန်းများ၏ အတိုင်း အတာသည် ယေဘုယျ အားဖြင့် ရှိသင့်သည့် ပမာဏထက် အရည် ဝင်ဆံ့မှု ၅၀​ ရာခိုင်နှုန်းမျှ ပိုလာကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။ သုတေသီများက မိဘများ အနေနှင့် ကလေးအား ဆေးတိုက်ခြင်း မပြုမီ ဇွန်း၏ အရွယ် ပမာဏကို အတိအကျ တိုင်းတာရန် တိုက်တွန်းထားသည်။ အမေရိကန်နှင့် ဂရိနိုင်ငံမှ သုတေသီများသည် နေအိမ်​ ၂၅​ လုံးတွင် အသုံးပြုနေသည့် ကုမ္ပဏီ အမျိုးမျိုးမှ ထုတ်လုပ်သည့် ဇွန်း​ ရ၁​ ချောင်းကို ဝယ်ယူပြီး တိုင်းထွာ လေ့လာခဲ့ရာ ယခုလို ဖော်ထုတ် လိုက်နိုင်ခြင်းဖြစ်သည်။ ဇွန်းများသည် ​ ၂.၅​ မီလီမီတာမှ ရ.၃​ မီလီမီတာထိ အမျိုးမျိုး ကွဲပြားနေသည်ကို ဖော်ထုတ်တွေ့ရှိခဲ့သည်။

Calpol​ ကဲ့သို့ နာမည်ကျော် ကလေးသုံး ဆေးဝါးများသည်​ ၂.၅​ မီလီမီတာ ဇွန်းများဖြင့် ချိန်တွယ်တိုက်ကျွေးသင့်သော်လည်း ကလေးမိဘ အများစုမှာ ၅​ မီလီမီတာ ဇွန်းများကို သုံးနေကြောင်း သိရသည်။ ဂရိနိုင်ငံ၊ အေသင်မြို့ အယ်ဖာပညာရေးဌာနရှိ ဇီဝဆေးပညာ ပရော်ဖက်ဆာ မက်သရူး ဖာလာဂက်က အနည်းဆုံး ​ ၁၅​ မီလီမီတာမျှ ဆေးဝါးများ နေ့စဥ်ပိုမို တိုက်ကျွေး နေမိခြင်းသည် ရေရှည်တွင် ဥပဒ်ဖြစ်လာ နိုင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက နေအိမ်များ အလိုက် သုံးစွဲနေသော ဇွန်းများ၏ အရွယ်အစား ကွာခြားသည်ကို တွေ့ရှိခဲ့ရုံသာမက မိဘများ၏ ကလေးများအတွက် ချိန်တွယ် တိုက်ကျွေးသည့် ဆေးဝါးပမာဏနှင့် ပတ်သက်သော အယူအဆများလည်း ခြားနား နေသည်ကို သတိပြုမိ  ခဲ့ကြောင်း ဖာလာဂက်က ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here