Apple​ iPad​​ ကို​ယှဥ်​ပြိုင်​နိုင်​ရန်​ Microsoft​ Slate​ ​ကို​ ​တီ​ထွင်​လျက်​ရှိ

alt

Apple​ ၏ Tablet​ ကွန်ပျူတာ iPad​ ကို ယှဥ်ပြိုင်မည့် Tablet​ ကွန်ပျူတာသစ် Slateကို Microsoft​ က ဇောက်ချ တီထွင် နေပြီ ဖြစ်သည်။ ယင်းသည် ကမ္ဘာကျော် Operating System​ ဖြစ်သည့် Windows 7 ပါဝင်မည် ဖြစ်ပြီး

လာမည့်လ အနည်းငယ်အတွင်း ဈေးကွက်တွင် ရောင်းချနိုင်မည်ဟု Microsoft​ က ကြေညာခဲ့သည်။ သေးငယ်ပေါ့ပါးပြီး ကြိုးမဲ့ကွန်ရက်နှင့် အလွယ်တကူ ချိတ်ဆက်နိုင်မည့် Slate​ ကွန်ပျူတာများကို Microsoft​ နှင့် ပူးပေါင်းပြီး Acer၊ Dell၊ Samsung၊ Toshiba၊ Sony​ နှှင့် အခြားသော ကွန်ပျူတာ ကုမ္ပဏီ ဒါဇင်နှင့်ချီက Slate​ ကွန်ပျူတာများ ထုတ်လုပ်သွားဖွယ် ရှိနေသည်။ Apple​ ၏ Slate​ သည် ကမ္ဘာတဝှမ်းတွင် အလုံးရေ​ ၂​ သန်းကျော် ရောင်းချခဲ့ပြီး ဖြစ်သော်လည်း Microsoft​ ၏ CEO စတိဘောမားက ၎င်းတို့၏ ကွန်ပျူတာသည် Apple​ ၏ ဈေးကွက် လွှမ်းမိုးမှုကို ထိုးဖောက် နိုင်မည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကွန်ပျူတာ ထုတ်လုပ်မှု ဈေးကွက်ကို ဦးဆောင်နေသည့် HP​ သည်လည်း ၎င်းတို့ဝယ်ယူထားသည့် Palmမှ Palm Operting System​ သုံး Tablet​ ကွန်ပျူတာများကို ထုတ်လုပ်ရန် ကြေညာထားရာ ဘောမားက Microsoft​ နှင့် နည်းပညာ ပူးပေါင်းမည့် ကုမ္ပဏီများတွင် HPမပါဝင်ကြောင်း အတည်ပြုခဲ့သည်။ Microsoftက ၎င်းတို့၏ Windows စနစ်သစ် Azure​ ကို သုံးစွဲနေသည့် ကုမ္ပဏီများအနက် Dell​ နှင့် Online လေလံဝက်ဆိုက် eBay​ တို့ပါ ပါဝင် လာကြောင်းလည်း ကြေညာ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here