လစ်​ဗျား​ထောက်​ပံ့​ရေး​သ​င်္ဘော​ ​အီ​ဂျစ်​ဆိပ်​ကမ်း​သို့​ ဦး​တည်​

alt

လစ်ဗျားနိုင်ငံမှ ထောက်ပံ့ရေး သင်္ဘော​ တစ်စင်းသည် အစ္စရေး ဒုံးကျည်တင် တိုက်ရေယာဥ်များ စောင့်ကြည့်​ နေသည့်​ ကြားမှပင် အီဂျစ်​ ဆိပ်ကမ်း​ တစ်ခုသို့ ဦးတည်​ ခုတ်မောင်း​ နေကြောင်း သိရသည်။

ယင်းသင်္ဘောသည် အစ္စရေး​ တို့၏ ရန်သူတော် ဟားမတ်​ ပြောက်ကျားများ ထိန်းသိမ်း​ ထားသည့် ဂါဇာ​ ဒေသသို့ ထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်ရန် ရည်ရွယ်​ ထားသည်။ ဇူလိုင်လ (၁၄)ရက်နေ့က ဂါဇာ​ ရေပြင်အနီး ရောက်ရှိ​ နေပြီ​ ဖြစ်သည့် သင်္ဘောတွင် ပါလာသည့် ပစ္စည်းများကို တိတိကျကျ မသိ​ ရသေးသော်လည်း ယင်းသင်္ဘောသည် လစ်ဗျား​ ခေါင်းဆောင်ကြီး မာမို​ ကဒါဖီနှင့် ဆက်စပ်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

အစ္စရေးသည် ဂါဇာသို့ ရေလမ်းမှ ဝင်ရောက်​ လာမှုများအား ပိတ်ဆို့တားဆီးရန် ပြင်ဆင်​ ထားပြီး​ ဖြစ်သော်လည်း ယခု​ သင်္ဘောနှင့် ပတ်သက်ပြီး စစ်ရေး​ အရ လှုပ်ရှားမှု မရှိ​ သေးပေ။ အစ္စရေး​ ရေတပ်သည် မေလကုန်က တူရကီ​ သင်္ဘောအား စီးနင်း​ ခဲ့ပြီးနောက် ဖြစ်ပွား​ လာသည့် နောက်ဆက်တွဲ ဂယက်များကြောင့် နိုင်ငံတကာ ဝေဖန်မှုများ ကြံုနေ​ ရသော်လည်း ဂါဇာကို ရေကြောင်းမှ ထောက်ပံ့မှုများအား ဆက်လက်​ ပိတ်ဆို့မည်ဟု ကြေညာ​ ထားသည်။ အစ္စရေး စစ်ဖက်က ထောက်ပံ့ရေး​ သင်္ဘော ကပ္ပတိန်သည် မိမိတို့အား ဆက်သွယ်ကာ သင်္ဘောသည် အီဂျစ်သို့ ဦးတည်​ မည်ဟု အကြောင်း​ ကြားထားကြောင်း၊ သို့သော်လည်း ဂါဇာသို့ ဦးတည်​ ခုတ်မောင်းခြင်း ရှိမရှိကို လိုက်လံ​ စောင့်ကြပ်​ နေမည်​ ဖြစ်ကြောင်း ပြောကြားထားသည်။

လစ်ဗျား သတင်းများကမူ သင်္ဘောသည် ပါလက်စတိုင်း​ မြေသို့ ဝင်ရောက်ရန် ကြိုးပမ်း​ လိမ့်မည်ဟု ဖော်ပြခဲ့ပြီး မည်သို့သော အကြမ်းဖက် တားဆီးမှုကမှ ယင်းတို့ကို ဟန့်တား​ နိုင်မည်​ မဟုတ်ကြောင်း ရေးသားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here