အင်​ဒို​နီး​ရှား​ TV​ ​အ​စီ​အ​စဥ်​မှူး​​ နှင့်​ ​ရုပ်​ရှင်​မင်း​သ​မီး​ဖြစ်​သူ​ ​လိင်​မှု​ဗီ​ဒီ​ယို ကိ​စ္စ​အား​​ ဝန်​ခံ

alt

ထွက်ပေါ်လာသည့် လိင်မှုပုံရိပ် ဗီဒီယိုနှင့် ပတ်သက်ပြီး အင်ဒိုနီးရှား TV​ အစီအစဥ်မှူးနှင့် ရုပ်ရှင် မင်းသမီး ကက်တာရီက ဝန်ခံ ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ Peterpan အဖွဲ့မှ ဦးဆောင် အဆိုတော်ဖြစ်သည့်

သူမ၏ ချစ်သူဟောင်း အေရီရယ်နှင့် လိင် ဆက်ဆံနေသော ဗီဒီယိုများသည် သူမ၏ ခင်ပွန်း ဂျိုဟန်နက် ယူဆွတ် ဆူဘရာတာနှင့် လက်ထပ် ပြီးချိန်တွင် ရိုက်ကူး ခဲ့ခြင်းဆိုသော အေရီရယ်၏ ပြောဆိုမှုကို ကက်တာရီက ငြင်းပယ် သွားသည်။

ကက်တာရီက သူမသည် ထိုဗီဒီယိုအား ဖြန့်ဝေခြင်း မပြုရန် အေရီရယ်အား တားမြစ် ခဲ့သည်ဟုလည်း ပြောဆို သွားသည်။ အမှန်အားဖြင့် သူမသည် အေရီရယ်က ဗီဒီယို ရိုက်ရန် ကြိုးပမ်းစဥ် ၎င်း၏ မိုဘိုင်းဖုန်း ကိုင်ထားသော လက်ကို အတင်း တွန်းလှစ် ခဲ့ကြောင်း၊ အေရီရယ်သည် ဖုန်းကို အဝေးတွင် ထားလိုက် သော်လည်း ထိုဖုန်းက ဗီဒီယို ဆက်ရိုက် နေသည်ကို သူမ လုံးဝ မသိခဲ့ကြောင်း ကက်တာရီက ဝန်ခံ​ ပြောကြားခဲ့သည်။ ကက်တာရီက ထိုဗီဒီယိုသည် ယူဆွတ်နှင့် လက်မထပ်မီ ရိုက်ခဲ့ခြင်း​ ဖြစ်သော်လည်း ၂၀၀၄​ နှစ် ၂၀၀၅​ ခုနှစ်များ​ အတွင်း သူမ​ အိမ်ထောင်ကျ​ ပြီးချိန်တွင်လည်း အေရီရယ်နှင့် တွေ့ဆုံ​ ပျော်ပါးမှုများ ရှိခဲ့ကြောင်း ဖွင့်ဟ​ ခဲ့သည်။ ကက်တာရီ၏ ခင်ပွန်းသည် ယူဆွတ်ကမူ ၎င်း၏​ ဇနီးအား ခွင့်လွှတ်ကြောင်းနှင့် အမှားကို ဝန်ခံသည့် ဇနီး​ အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

ကက်တာရီသည် လူနာ​ မာယာနှင့် လိင်ဆက်ဆံနေသည့် ဗီဒီယို​ တစ်ခုလည်း ထွက်ပေါ်​ ခဲ့သေးသည့်တိုင် ယင်း​ ဗီဒီယိုထဲမှ​ လူမှာ ၎င်းမဟုတ်ဟု ငြင်းဆန်​ ထားသည်။ အင်ဒိုနီးရှား အာဏာပိုင်များသည် အ​စ္စ​လမ်​ဘာ​သာ​ရေး​ ဥပဒေနှင့် ငြိစွန်း​ နေသည့် အဆိုပါ ကိစ္စများနှင့် ပတ်သက်ပြီး အရေးယူမှုများ ပြုလုပ်ရန် လေ့လာ​ နေဆဲဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here