​မာ​ဖီး​ယာ​ဂိုဏ်း​၏​ အင်​အား​အ​ကြီး​ဆုံး​ခေါင်း​ဆောင်​တစ်ဦး​အား​ ​အီ​တ​လီ​ရဲ​တပ်​ဖွဲ့​ ​ဖမ်း​ဆီး​ရ​မိ

alt

အီတလီ ရဲတပ်ဖွဲ့သည် မာဖီးယား၏ အင်အား​ အကြီးဆုံး ခေါင်းဆောင်​ အဖြစ် ယူဆရသူ တစ်ဦးအား ဖမ်းဆီး​ ရမိ​ လိုက်ကြောင်း သိရှိရသည်။ ဇူလိုင်လ (၁၃)​ ရက်နေ့က လူသတ်မှု၊ ဒုစရိုက် ဂိုဏ်းများနှင့် ဆက်နွယ်​ နေသည့်

ငွေကြေး​ အလွဲ​ သုံးစားလုပ်မှု​ စသည့် ကိစ္စများ​ အတွက် လူပေါင်း​ (၃၀၀)​ ကျော်ကို စီးနင်း​ ဖမ်းဆီးခဲ့ရာ ကာလာဘရီယန် မာဖီးယား​ အဖွဲ့၏ ခေါင်းဆောင်​ အဖြစ် နာမည်ကြီးနေသည့် Ndramgheta​ ကိုပါ ဖမ်းဆီး​ ရမိ​ ခဲ့ခြင်းဖြစ်သည်။

ယင်းဘွဲ့ကို ပိုင်ဆိုင်ထားသည့် ခေါင်းဆောင်ကြီး၏ အမည်ရင်းမှာ ဒိုမီနိုကို အိုပက်ဒီဆာနိုဖြစ်ပြီး အသက်​ (၈၀)​ အရွယ် ဂိုဏ်းချုပ်သည် မာဖီးယား မိသားစုကြီး တစ်ခုလုံး၏ အကြီးအကဲဟုလည်း နာမည်​ ထွက်နေသည်။ ရဲများသည် မာဖီးယား၏ မီလန်​ မြို့ဆိုင်ရာ မန်နေဂျာဟု ယူဆရသူ တစ်ဦးကိုလည်း ဖမ်းမိထားကြောင်း သိရသည်။ ဖမ်းဆီး​ ရမိသူများ​ အနက် (၁၆၀)​ ကျော်တို့မှာ မြောက်ပိုင်း​ လမ်ဘိုဒီ ဒေသမှဟုဆိုသည်။ ယခု​ စီးနင်းမှုတွင် အမေရိကန်က အကူအညီများ ပေးခဲ့ကြောင်း အီတလီ ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

မာဖီးယားသည် အီတလီရှိ ဆစ်စလီကျွန်းမှ ကျော်လွန်ကာ ကမ္ဘာ့နိုင်ငံ အတော်များများသို့ ဩဇာ​ ဖြန့်ကျက်​ ထားသည့် ဒုစရိုက် အသင်းကြီးလည်း​ ဖြစ်သည်။ မာဖီးယား တိုက်ဖျက်ရေး အစိုးရ အရာရှိများက ယခု​ Operation​ သည် အောင်မြင်မှု ကြီးကြီးမားမား ရရှိ​ နိုင်ခဲ့ခြင်း​ ဖြစ်ကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here