​​ဗြိ​တိန်​ကာ​ကွယ်​ရေးဝန်​ကြီး​ဌာ​န​က​ ခေတ်​မီ​မျိုး​စပ်​တင့်​ကား​များ​ ဝယ်​ယူ​မည်

alt

ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနသည် ခေတ်မီမျိုးစပ် တင့်ကား​ (၇)​ စင်းအား ပေါင်စတာလင် သန်း​ (၅၀၀)​ ဖြင့် ဝယ်ယူရန် စာချုပ်​ တစ်ခုအား ချုပ်ဆို​ လိုက်ကြောင်း သိရသည်။

ကင်းထောက်​ သံချပ်ကာယာဥ်များကို ဂွမ့်ရှိ နယူးပို့မှာ General Dynamics က ထုတ်လုပ်မည်​ ဖြစ်ပြီး လက်ရှိ​ သုံးစွဲနေသော Scimitar အပေါ့စား တင့်ကားများ​ နေရာတွင် ရေရှည် သုံးစွဲ​ သွားရန် ရည်ရွယ်ထားသည်။ ယခု​ မှာယူ​ ထားသော တင့်ကားများသည် လူ​ (၃)​ ဦး လိုက်ပါ​ နိုင်ပြီး (၄၀) မီလီမီတာ စက်​ အမြှောက်သည် အလွန် လျင်မြန်စွာ ပစ်ခတ် နိုင်မည်​ ဖြစ်ကြောင်း လက်နက်​ ကျွမ်းကျင်​ သူများက ပြောကြား​ ခဲ့ကြသည်။ ယင်းသည် အနာဂတ်​ ကာလ လုံခြံုရေးနှင့် ကာကွယ်ရေး​ ဆိုင်ရာ မဟာ​ ဗျူဟာ​ အတွက် အလွန်​ အရေးပါသည့် ယန္တယားများ ဖြစ်လာ​ နိုင်ပြီး (၂၀၁၃) ခုနှစ်တွင် စစ်တပ်​ အတွင်း စတင်​ အသုံးပြု​ နိုင်ရန် မျှော်လင့်ထားသည်။

ASCOD SV ဟု အမည်​ ပေးထားသည့် ယင်းယာဥ်များကို အချို့သော NATO တပ်ဖွဲ့ဝင် နိုင်ငံများ၏ စစ်တပ်တို့တွင် စမ်းသပ်​ အသုံးပြုနေပြီ​ ဖြစ်ပြီး အထင်ကြီး​ လောက်ဖွယ် စွမ်းဆောင်မှုများ ရှိနေသည်။ ဗြိတိန်​ စစ်တပ်သည် အာဖဂန်နစ္စတန်တွင် လက်ရှိ​ သုံးစွဲနေသည့် Scimitar တင့်ကားများကို ဆက်လက်သုံးစွဲနေဦးမည်ဟုဆိုသည်။ ကင်းထောက်​ တင်ကားများသည် ရန်သူကို ခြေရာခံခြင်းနှင့် ချေမှုန်း​ တိုက်ခိုက်ခြင်းတို့တွင် (၂၁)​ ရာစု စစ်ပွဲများ​ အတွင်း အလွန်​ အရေးပါလာပြီဟု ဗြိတိသျှ​ စစ်တပ်မှ ဗိုလ်ချုပ်​ ဘီမောက သုံးသပ်ခဲ့သည်။ ၎င်းကပင် စစ်တပ်​ အတွင်း ASCOD SV​ တင့်ကားများ အင်အား​ ဖြည့်တင်းရန် စီစဥ်မှုသည် အလွန်​ ကောင်းမွန်သော လုပ်ဆောင်ချက်​ တစ်ခု​ အဖြစ်လည်း ချီးကျူး​ ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here