​မန်​ယူ​အ​သင်း​၏​ ​ပ​ရီး​မီး​ယား ​ရာ​သီ​သစ်​ အ​တွက်​ ဂျာ​စီ​ ​မိတ်​ဆက်​

alt

ရာသီသစ် အတွက် ဝတ်ဆင်မည့် ဂျာစီသစ်ကို မန်ချက်စတာ ယူနိုက်တက် အသင်းက စတင် မိတ်ဆက် ပြသ လိုက်ပြီ ဖြစ်သည်။ ယူနိုက်တက် အရံ အသင်းက ခရူဇွန်အား အနိုင် ရရှိသည့် အရံ အသင်းများ လိဂ်ပွဲစဥ်တွင်

ယူနိုက်တက်သည် အဆိုပါ ဂျာစီကို ဝတ်သွားခဲ့ပြီး ယခင်က အဓိက Sponsor​ ဖြစ်သည့် AIG အစား AON ကို ပြောင်းလဲ တပ်ဆင် ထားသည်။ ယင်းဂျာစီသည် (၁၉၈၀) ပြည့်လွန် နှစ်များက ယူနိုက်တက် ဝတ်ဆင်ခဲ့သည့် ဂျာစီအား တကျော့ပြန် ဆန်းသစ် ပုံဖော်ထားခြင်း ဖြစ်သည်။

ယူနိုက်တက် အရံအသင်းသည် ဇူလိုင်လ (၁၃) ရက်နေ့က ခရူဇွန်အား (၄-၀) ဖြင့် အနိုင် ရရှိခဲ့ပြီး ဝတ်စုံသစ်ကို တရားဝင် မိတ်ဆက် ဖော်ပြမည့် ရက်မတိုင်မီ (၂) ရက် ကတည်းက ချပြ သွားခြင်း ဖြစ်သည်။ ယူနိုက်တက်သည် AON နှင့် (၅) နှစ် စာချုပ်အတွက် သဘောတူ လက်မှတ် ရေးထိုးထားပြီး အမေရိကန် စာရင်းအင်း ကုမ္ပဏီကြီးသည် အင်္ဂလန် ထိပ်သီး ကလပ်အား ယင်း အတွက် ပေါင်စတာလင် သန်း (၈၀) ပေးခဲ့ ရကြောင်း သတင်းများက ဖော်ပြ ခဲ့သည်။

ယူနိုက်တက်သည် ယမန်နှစ်က ဖလားများ လက်လွှတ် ဆုံးရှုံး ခဲ့သော်လည်း AON​ ကမူ အသင်းသည် လာမည့် နှစ်များတွင် ကြီးမားသော အောင်မြင်မှုများ ဆွတ်ခူး နိုင်မည်ဟု အပြည့်အဝ ယုံကြည် ထားသည့် အတွက် ယခုလို စာချုပ် ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here