​ပျောက်​ဆုံး​နေ​သည့်​ ​နျူ​က​လီး​ယား​ပ​ညာ​ရှင်​ ​အီရန်​သို့​​ ပြန်​လာ​နေ​

alt

အီရန်နိုင်ငံက ၎င်းတို့၏ ပျောက်ဆုံး နေသော နျူကလီးယား ပညာရှင်သည် ယခုအခါ အီရန်သို့ ပြန်လာ နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အီရန်က သိပ္ပံ ပညာရှင် ရှာဟာရမ် အမီရီသည် ဝါရှင်တန်ရှိ ပါကစ္စတန် သံရုံးတွင်

ဒုက္ခသည် အဖြစ် ခိုလှုံ နေခဲ့ပြီး ယခုအခါ တဟီရန်သို့ ပြန်လာပြီဟု ဆိုသည်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်သည် ရှာဟာရမ်အား ၎င်း ဆော်ဒီအာရေဗျသို့ ဘုရားဖူး ခရီး သွားရောက်ခြင်း ဖမ်းဆီး သွားကြောင်း စွပ်စွဲ ခဲ့သော်လည်း ယခု အခါ ပြန်လွှတ် လိုက်ရကြောင်း ပြောကြားထားသည်။ ဝန်ကြီး ဌာနက ရှာဟာရမ်သည် ဇူလိုင်လ (၁၅) ရက်နေ့ မနက်အ စောပိုင်းတွင် မိခင်နိုင်ငံသို ပြန်ရောက်မည်ဟု ခန့်မှန်းထားသည်။ ရှာဟာရမ်သည် (၂၀၀၉) ခုနှစ်က ထူးထူးဆန်းဆန်း ပျောက်ဆုံး သွားပြီးနောက် အီရန်က အမေရိကန်၏ လက်ချက်ဟု အစဥ်တစိုက် စွပ်စွဲခဲ့သော်လည်း အမေရိကန်က တစုံတရာ တုန့်ပြန်ခြင်း မရှိခဲ့ချေ။

သတင်းများက ရှာဟာရမ် ပျောက်ဆုံးမှုသည် အီရန်၏ နျူကလီးယား စီမံကိန်းများနှင့် ပတ်သက်ပြီး အမေရိကန်က သိရှိလိုသောကြောင့် ဖမ်းဆီးသွားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here