အ​သက်ငယ်​သည့်​အ​မျိုး​သား​များ​နှင့်​ ​တွဲ​လို​ကြောင်း​ ​ဂျ​နက်​ဂျက်​ဆင်​ဖွင့်​ဟ

alt

ဂျက်နက်​ ဂျက်ဆင်က သူမသည် အသက်​ ငယ်ငယ် အမျိုးသားများနှင့်​ တွဲရန် ပိုမို​ အလိုရှိကြောင်း ပြောကြား​ ခဲ့သည်။ အသက်​ (၄၄)​ နှစ် ရှိပြီ​ ဖြစ်သည့် အဆိုတော် မင်းသမီးက သူမသည် လူငယ်​ အမျိုးသားများနှင့် တွဲရသည်မှာ ပို​ အဆင်ပြေ​ သည်ဟု​ လည်း​ဆိုသည်။

ကမ္ဘာကျော် Pop​ ဘုရင် မိုက်ကယ်​ ဂျက်ဆင်၏ ညီမက အသက်အရွယ် ကွာခြားမှုသည် အချစ်တွင် ပြောပ​ လောက်သော အတားအဆီး​ မဟုတ်ကြောင်း မှတ်ချက်​ ပြုခဲ့သည်။ သန်းကြွယ်​ သူဌေး ဝီဆမ်အယ်မာနာနှင့် တွဲနေသည့် ဂျနက်က သူမ၏​ မိခင်သည် အသက်အရွယ်​ ဆိုသည်မှာ ကိန်းဂဏန်း သတ်မှတ်မှု တစ်ခုသာ​ ဖြစ်သည်ဟု သူမအား ညွှန်ပြ​ ခဲ့ဖူးကြောင်း ပြောဆို​ သွားသည်။ ဝီဆမ်သည် ဂျနက်ထက် အသက်​ (၁၀)​ နှစ်မျှ ပိုငယ်သူလည်း​ ဖြစ်သည်။ သူမတွင် အရွယ်ငယ်ငယ် ချစ်သူ​ တစ်ဦး ရှိနေခြင်း​ အပေါ် ဝေဖန်မှုများနှင့် ပတ်သက်ပြီး ဂျနက်က လုံးဝ​ စိတ်ထဲတွင် စနောင့်စနင်း​ မဖြစ်ဟုဆိုသည်။

မိမိကိစ္စကို မိမိဖာသာ ရွေးချယ်​ ဖန်တီး​ ရမည်​ ဖြစ်ကြောင်း၊ လူတိုင်းသည် ကိုယ့်​ အနာဂတ်ကို စိတ်ကြိုက်​ ရွေးချယ်ရမည်သာဖြစ်ကြောင်း ဂျနက်က Essence​ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here