Google​ Earthတွင်​ Privacy​ ​ချိုး​ဖောက်​မ​ှု​များ​​ ရှိ​နေ​ဟု​ ​ဝေ​ဖန်​မှု​များ​​ ထွက်​ပေါ်​

alt

ကမ္ဘာကျော် Search Engine ကုမ္ပဏီကြီး Google မှ တီထွင် ထားသည့် လမ်းညွှန်စနစ် Google Earth ၏ Privacy ဆိုင်ရာ ချိုးဖောက်မှုများ ရှိနေကြောင်း ဝေဖန်မှုများမှာ ထိုင်ဝမ်တွင်လည်း ကျယ်ကျယ် လောင်လောင် ထွက်ပေါ် လာကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံ အချို့တို့တွင် Google Earth​ နှင့် ပတ်သက်သော ဝေဖန်မှုများ ရှိနေချိန်တွင် ထိုင်ဝမ် နိုင်ငံအတွင်း ရိုက်ကူး ထားသည့် ဓာတ်ပုံများမှာ အိမ်တစ်လုံး အတွင်း အမျိုးသမီး တစ်ဦး ဝတ်လစ်စလစ် ဖြစ်နေပုံနှင့် လမ်းဘေးနား အပေါ့သွား နေသည့် အမျိုးသား တစ်ဦး၏ ပုံများပါ ပါဝင်လာခြင်းကြောင့် အခြေအနေ ပိုဆိုး​ လာခြင်း​ ဖြစ်သည်။ Google Earth ၏ ဓာတ်ပုံများ​ အနက် အဆိုပါ​ ပုံများကို အမည်မသိ လူတစ်ဦးက ရွေးချယ်​ ရယူကာ အင်တာနက်တွင် ပြန်တင်​ လိုက်ပြီးနောက် ယခုကဲ့သို့ ဝေဖန်မှုများ ပြန်လည်​ မြင့်တက်​ လာခြင်း​ ဖြစ်သည်။

ထိုင်ဝမ်နိုင်ငံသား အတော်များများသည် ယင်းကဲ့သို့သော ကိစ္စများကြောင့် Google Earthကို ဆန့်ကျင်နေကြပြီး အဆိုပါစနစ်ကို ရပ်ဆိုင်းပေးရန် တောင်းဆိုနေကြသည်။ မတ်လအတွင်းက ပြူတင်းပေါက်​ အနီး ရပ်နေသည့် အမျိုးသမီး​ တစ်ဦး၏ အဝတ်မပါသော ပုံရိပ်မှာ Google Earth​ မှတဆင့် အင်တာနက်တွင် ပျံ့နှံ့ခဲ့ပြီးကတည်းက ထိုင်ဝမ်တွင် Google Earth ဆန့်ကျင်မှုများ ပေါ်ပေါက်ခဲ့ခြင်း​ ဖြစ်သည်။ ဟွာလန်ရှိ အမျိုးသမီး၏ပုံကို Google Earth​ က မှတ်တမ်းတင်​ ခဲ့သလို တယ်တန်ရှိ လမ်းကြားတစ်ခုတွင် အမျိုးသား​ တစ်ဦး အပေါ့​ သွားနေပုံပါ ထပ်မံ​ ရိုက်ကူး​ မိခဲ့ခြင်း​ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here