က​မ္ဘာ့​ဖ​လား​​ ကာ​လ​​ အ​တွက်​ ​ကွန်​ဒုံး​​ သန်း​​ ၁၀၀​ ​ကျော်​ ​တောင်​အာ​ဖ​ရိ​က​သို့​​ တင်​ပို့​​ခဲ့

alt

တရုတ်​ နိုင်ငံသည် ကျင်းပ​ ပြီးစီးခဲ့သည့် ကမ္ဘာ့ဖလား အတွက် တောင်​ အာဖရိကသို့ ကွန်ဒုံး​ အခုရေ သန်း​ (၁၀၀)​ ကျော် တင်ပို့​ ရောင်းချ​ ခဲ့ရကြောင်း သိရှိရသည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် တရုတ်​ အသင်း ခြေစစ်ပွဲ မအောင်ခဲ့သော်လည်း ယခု​ ပမာဏမျှ ကွန်ဒုံးများ ရောင်းချ​ ခဲ့ရသဖြင့် စီးပွားရေး​ အရ အမြတ်ထွက်​ ခဲ့သည်။ အာဖရိကတွင် အသုံး​ အများဆုံး​ အဖြစ် တရုတ်လုပ် ကွန်ဒုံးက ရပ်တည်​ နေရုံမျှမက FIFA က အသုံးပြုခဲ့သည့် ဂျာဘူလာနီ ဘောလုံးနှင့် အာဖရိက​ ရိုးရာနှဲများ​ ဖြစ်သည့် ဗူဗူဇီလာများကိုပါ တရုတ်​ပြည်တွင် ပြုလုပ်ကာ တောင်အာဖရိကသို့ တင်ပို့​ ခဲ့သည်။ တရုတ်​ နိုင်ငံသည် တောင်အာဖရိကသို့ ကွန်ဒုံးပေါင်း (၁၀၆.၅)​ သန်းထိကို ဇန်နဝါရီလမှ မေလ​ အတွင်း တင်ပို့​ ခဲ့ကြောင်း သိရသည်။

ဗြိတိန်သည်လည်း တောင်အာဖရိကသို့ ကွန်ဒုံးပေါင်း (၄၂)​ သန်းကျော် တင်ပို့​ ခဲ့သေးသည်။ ကမ္ဘာပေါ်တွင် မုဒိမ်းမှု အထူပြောဆုံးနှင့် HIVပိုး ကူးစက်မှု အမြန်ဆန်ဆုံး နိုင်ငံတစ်ခု​ အဖြစ် ရပ်တည်နေသည့် တောင်အာဖရိကတွင် ကွန်ဒုံးများ ဖြန့်ချီရေး​ အတွက် ကမ္ဘာ့​ ဘောလုံးအဖွဲ့ချုပ် (FIFA)​ က ကျန်းမာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်​​း​ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here