​ပြင်​သစ်​လေ​ကြောင်း​မှ​ ​လေ​ယာဥ်​တစ်​စင်း​ ​ဗုံး​သ​တင်း​ကြောင့်​ ​ခ​ရီး​စဥ်​ဆိုင်းငံ့​ခဲ့​ရ

alt

ဇူလိုင်လ (၁၀)ရက်နေ့က ဘရာဇီး​ နိုင်ငံတွင် ပြင်သစ်လေကြောင်းပိုင် လေယာဥ်​ တစ်စင်းပေါ် ဗုံး​ ထောင်ထားသည်ဆိုသော သတင်းမှားကြောင့် ခရီးစဥ် ဆိုင်းငံ့​ ခဲ့ရကြောင်း သိရသည်။

အမည်မသိ အမျိုးသမီးတစ်ဦးသည် လေကြောင်း​ ထိန်းသိမ်းရေး မျှော်စင်ပေါ်မှ​ တဆင့် လေယာဥ်ပေါ် ဗုံးပါလာကြောင်း အော်ဟစ်​ ခဲ့ပြီးနောက် AF 433 လေယာဥ်​ ခရီးစဥ်အား ဆိုင်းငံ့​ ခဲ့ရသည်။ လေယာဥ်အား အရေးပေါ် အခြေအနေဖြင့် ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ရီယိုဒီဂျနေရိုးရှိ ဂူရာရာပက် ဂီဘာတိုဖရေရီ လေဆိပ်တွင် ရပ်ထားသော လေယာဥ်ပေါ်မှ ခရီးသည် (၄၀၅)ဦးနှင့် လေယာဥ်​ ဝန်ထမ်း (၁၈)​ ဦး​ တို့ကိုလည်း ဖယ်ရှားခဲ့သည်။ သို့သော်လည်း Boeing 747-400 အမျိုးအစား လေယာဥ်ကြီးပေါ်တွင် မည်သည့်​ ဖောက်ခွဲရေး ကိရိယာမှ ရှိမနေကြာင်း လေဆိပ်၏ ပြန်ကြားရေး​ ဌာနက ကြေညာခဲ့သည်။ လေယာဥ်အား အသေးစိတ် ရှာဖွေမှုများ ပြုလုပ်​ နေစဥ် ခရီးသည်များမှာ ဟိုတယ်များသို့ ပြန်နေရကြောင်း သတင်းများက​ ဆိုသည်။ ယင်းလေယာဥ်သည် ပြင်သစ်​ နိုင်ငံ ပဲရစ်မြို့တော်သို့ ပျံသန်း​ ထွက်ခွာရန် ဦးတည်​ နေခြင်း​ ဖြစ်သည်။

(၂၀၀၉)ခုနှစ်၊ မေလ(၃၁)ရက်နေ့က ထိုကဲ့သို့ပင် ဘရာဇီးမှ ပြင်သစ်သို့ ပျံသန်းခဲ့သည့် ပြင်သစ်လေကြောင်းပိုင် လေယာဥ်တစ်စင်း သမုဒ္ဒရာထဲ ပျက်ကျရာ လူပေါင်း(၂၂၈)ဦး သေဆုံးခဲ့သည့် ကိစ္စကြောင့် ယခုသတင်းမှား ထွက်ပေါ်လာချိန်တွင် ခရီးသည်များ အလွန်​ စိုးရိမ်နေခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း ယင်းလေယာဥ်သည် ဘေးကင်းကင်းဖြင့်ပင် ထွက်ခွာ​ သွားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here