​တ​ရုတ်​နိုင်ငံ​တွင်​ ​မြေ​ပြို​မှု​များ​ဖြစ်​ပွား

alt

တရုတ်နိုင်ငံတွင် မြေပြိုမှုများ ဖြစ်ပွား​ ခဲ့ရာ အနည်းဆုံး​ လူ​ ၃​ ဦး သေဆုံးပြီး ၅၀​ မျှ ပျောက်ဆုံး​ နေကြောင်း သိရသည်။ ဇူလိုင်လ ၁၃​ ရက်နေ့ နံနက်​ အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်

နိုင်ငံ​ အနောက်​ တောင်ပိုင်း တောင်ပေါ်​ မြို့လေး​ တစ်ခု​ ဖြစ်သည့် ဇီဟိုတွင် မြေပြိုမှုများ ဖြစ်ပေါ်​ ခဲ့ခြင်း​ ဖြစ်သည်။ ယူနန်ရှိ အဆိုပါ​ မြို့လေးတွင် နံနက်​ (၄)​ နာရီက မြေပြိုမှုများ ဖြစ်ပေါ်​ ခဲ့ပြီးနောက် လူပေါင်း​ (၅၆)​ ဦး​ ထက်မနည်း ပျောက်ဆုံး​ နေပြီး (၃၈)​ ဦး​ အနည်းဆုံး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကယ်ဆယ်ရေး တပ်ဖွဲ့များက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် အနောက်ပိုင်းမြို့ ဂိုးမက်တွင်လည်း မြစ်ကမ်းပြိုမှုများ ဖြစ်နေခြင်းကြောင့် ဒေသခံအချို့ ရွှေ့ပြောင်းခဲ့ရသည်။ တိဘက်အစွန်ရှိ ကျောက်မီးသွေးတွင်းများ ပေါများရာ ဂိုးမက်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်နေသည်။ ဇီဟိုတွင် ယခုအခါ အရေးပေါ် အခြေအနေ ကြေညာထားပြီး ကယ်ဆယ်ရေးများသည် ရွှံ့နွံများအောက် ပျောက်ဆုံးနေသူများအား လိုက်လံရှာဖွေနေဆဲဖြစ်သည်။ တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ယန်ဇီမြစ်ကမ်းရှိ ဇီဂျီအန်း၊ ဂျင်းဆု၊ ဆီချွမ်ဒေသများတွင်လည်း ရေကြီးမှုများနှင့် တွေ့ကြံုနေရသည်။

ဇူလိုင်လဆန်းမှ (၁၀)ရက်နေ့ထိ တရုတ်နိုင်ငံ အနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လူ(၅၀)ကျော် သေဆုံးပြီး ယွမ်ငွေ (၈.၉)ဘီလျံဖိုး ပျက်စီးမှုများ ကြံုခဲ့သည်။ ထို့အပြင် ဇွန်လဆန်းမှစပြီး တရုတ်အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးသည်းထန်မှု၊ ရေလျှံမှုများကြောင့် လူပေါင်း(၄၅၀)ကျော် သေဆုံးခဲ့ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here