​တ​ရုတ်​နိုင်ငံ​သား​များ​ ​ပန်း​သေ​ပန်း​ညှိုး​ ​ဝေ​ဒ​နာ​နှင့်​ ​ရင်​ဆိုင်​နေ​ရ

alt

တရုတ်​ နိုင်ငံသား (၂၆)​ ရာခိုင်နှုန်းခန့်သည် ပန်းသေ​ ပန်းညှိုး ဝေဒနာနှင့် ရင်ဆိုင်​ တွေ့ကြံု​ နေရကြောင်း လေ့လာမှု စစ်တမ်း​ တစ်ရပ်က ဖော်ပြ​ ခဲ့သည်။

တရုတ်​ ဆေးပညာဌာနက ပြုလုပ်သော စစ်တမ်း​ အရ အသက်​ (၄၀)​ အထက် အမျိုးသားများတွင် အနည်းဆုံး (၄၀)​ ရာခိုင်နှုန်းသည် လိင်အင်္ဂါ မထောင်မတ်နိုင်သော အခြေအနေနှင့် ရင်ဆိုင်​ နေရကြောင်း သိရှိရသည်။ ထို့အပြင် လိင်​ ဆက်ဆံမှုဆိုင်ရာ အားနည်းချက်များ၊ အခြားသော စိတ်ပျက်ဖွယ် အနေအထားများလည်း ရှိနေကြောင်း တရုတ်မြို့ကြီး (၁၁)​ ခုတွင် ကောက်ခံခဲ့သည့် စာရင်းမှတ်တမ်းက ညွှန်ပြလျက်ရှိသည်။ ဘေဂျင်း​ မြို့တော်ရှိ ပီကင်း​ တက္ကသိုလ်မှ ဆီးနှင့်​ လိင်​ ဆိုင်ရာ ဆေးပညာ​ ဌာန ဒါရိုက်တာ ဝမ်ဇီဖန်းက ယခု​ တွေ့ရှိချက်အား ပဥ္စမ​ အကြိမ် တရုတ်​ ဆီးလမ်းကြောင်း​ ဆိုင်ရာ ဆေးပညာ နှီးနှော​ ဖလှယ်ပွဲတွင် ထည့်သွင်း​ ပြောကြား​ သွားသည်။

အမေရိကန်နိုင်ငံသည် (၂၀၀၇)ခုနှစ်က အရွယ်ရောက်ပြီး အမျိုးသား (၁၈.၄)ရာခိုင်နှုန်းမှာ အလားတူ ချွတ်ယွင်းချက်များ ရှိနေကြောင်း ကြေညာခဲ့ဖူးသည်။ ဝမ်က ပန်းသေပန်းညှိုးနှင့် လိင်ဆိုင်ရာ ဆန္ဒမပြည့်ဝမှု ခံစားနေရသည့် ဝေဒနာရှင် အားလုံး၏ (၈၃)ရာခိုင်နှုန်းသည် ဆေးဝါးကုသမှု လုံးဝမခံယူဘဲ ဖုံးဖိထားလေ့ရှိကြောင်းလည်း ပြောကြားခဲ့သည်။ (၂၀၀၉)ခုနှစ်က အာရှနိုင်ငံ (၁၃)ခုရှိ ပြည်သူများ၏ လိင်မှုဘဝ သာယာကျေနပ်မှုအား စစ်တမ်းကောက်ခံခဲ့ရာ တရုတ်သည် နံပါတ်(၁၁)မှသာ ရပ်တည်ခဲ့ကြောင်းလည်း ဖော်ထုတ်တွေ့ရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here