တ​ရုတ်​နိုင်ငံ​တွင်​ ​သ​တို့​သ​မီး​ ရှား​ပါး​လျက်​ရှိ

alt

တရုတ်နိုင်ငံရှိ အရွယ်​ ရောက်လာသော ယောက်ျားလေးများ​ အတွက် သတို့သမီး ရှားပါးသော အခြေအနေသည် တစထက်​ တစ ပိုမို​ ခက်ခဲ​ လာနေကြောင်း သိရသည်။

အဘယ်ကြောင့်ဆိုသော် (၂၀၂၀)​ ခုနှစ်တွင် တရုတ်​ နိုင်ငံရှိ လက်ထပ်ရန် သင့်လျော်သော အမျိုးသား အရေအတွက်မှာ အမျိုးသမီး ဦးရေထက် (၂၄)​ သန်း ပိုများ​ နေမည်ဟု တရုတ်​ လူမှု​ သိပ္ပံအဖွဲ့ (CASS)​ က ခန့်မှန်း​ ထားသည်။

တရုတ်​ နိုင်ငံတွင် ကလေးမွေးလာပါက ယောက်ျားလေးကို ပိုမို​ အလိုရှိသည့် ဓလေ့ကြောင့် အမျိုးသား၊ အမျိုးသမီး အရေအတွက် ကွာဟမှုသည် (၂၀၀၅)ခုနှစ်ကတည်းက ကမ္ဘာ့​ နိုင်ငံအားလုံးတွင် အမြင့်ဆုံး​ ဖြစ်လာခဲ့သည်။ ထိုစဥ်က ယောက်ျားလေး (၁၂၀)​ မွေးဖွားချိန်တွင် မိန်းကလေး (၁၀၀)​ မျှသာ ပျမ်းမျှ​ မွေးဖွားကြောင်း သိရှိရသည်။ နိုင်ငံတကာ စံနှုန်း​ အရမူ ပျမ်းမျှအားဖြင့် ယောက်ျားလေး (၁၀၃)​ ဦး မွေးဖွားချိန်တွင် မိန်းကလေး (၁၀၀)​ ကို မွေးဖွားလေ့ရှိကြောင်း တရုတ်အမျိုးသား လူဦးရေနှင့် မိသားစု စီမံကိန်း ကော်မရှင်မှ လီဘင်းက ပြောကြားခဲ့သည်။ ယခုအခါ တရုတ်မြို့ပြများရှိ လူပျိုများသည် ဖူးစာဖက်​ ရှာရန်​ အတွက် တောနယ်များသို့ပင် သွားရောက်​ နေရကြောင်း လီက​ ဆိုသည်။​ အသက်(၂၉)နှစ်ရှိ ကွမ်ဆိုသူ အမျိုးသားတစ်ဦးက ၎င်းသည် ဘေဂျင်းတွင် ကြီးမားသော အိမ်ခန်းမျိုး မပိုင်ဆိုင်သလို မြင့်မားသည့် ဝင်ငွေလည်း​ မရှိကြောင်း၊ ထို​ အခြေအနေမျိုးဖြင့် မြို့ပေါ်တွင် မိန်းမ​ ရရန် မလွယ်ကြောင်း ညည်းတွားခဲ့သည်။ ဖန်တယ်မှ ဘေဂျင်းသို့ ရွှေ့ပြောင်းလာသည့် အသက်​ (၂၅)​ နှစ်အရွယ် ဂွမ်ကွင်ဘန်းဆိုသူ အမျိုးသားကလည်း ၎င်းသည် ဘေဂျင်းတွင် အိမ်ထောင်ကျနိုင်ခြေ မရှိကြောင်း ဝန်ခံခဲ့သည်။

တရုတ်​ နိုင်ငံတွင် အမျိုးသား၊ အမျိုးသမီး​ ဦးရေ မညီမျှမှုသည် နိုင်ငံ​ အတွင်း တွေ့ကြံုနေသည့် အကြီးမားဆုံး အခက်အခဲ တစ်ခုအဖြစ် ယခင်ကတည်းက တည်ရှိ​ နေကြပြီး အိမ်နီးချင်း​ နိုင်ငံ အစိုးရ​ အချို့က ယင်းကိစ္စကြောင့် ဒေသတွင်း လူကုန်​ ကူးမှုများ မြင့်တက်လာမည်ကို စိုးရိမ်လျက်​ ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here