HIV​ ​ဗိုင်း​ရပ်စ်​အား​ ​၉၁​ % ဖယ်​ရှား​ သုတ်​သင်​နိုင်​မည့်​ ​ခု​ခံ​ဆေး ​တစ်​မျိုး​ ​စမ်း​သပ်​နေ

alt

သုတေသန ပညာရှင်များသည် AIDS ရောဂါ ဖြစ်ပွားစေသည့် HIV ဗိုင်းရပ်စ်အား ၉၁% ထိ ဖယ်ရှား သုတ်သင်နိုင်မည့် ခုခံဆေး တစ်မျိုးအား စမ်းသပ် နေပြီ ဖြစ်သည်။

ယင်းသည် ခုခံအားကို ကျဆင်းစေသည့် ကပ်ရောဂါအား တိုက်ဖျက်မည့် ဆေးဝါးများ စမ်းသပ်နေမှုတွင် အကျိုး သက်ရောက်မှု အကြီးမားဆုံး အောင်မြင်မှု တစ်ခု ဖြစ်လာစေရန် ဆရာဝန်များက မျှော်လင့် နေသည်။

ယင်းဆေးသည် ခုခံအားကို အထောက်အပံ့ပေးသည့် ပရိုတိန်းများကို အားပေး ရှင်သန်စေပြီး AIDS ရောဂါရှင်များအား အသက် ပိုရှည်စေရန် တီထွင် ထားခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံ အမျိုးသား ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ဒေါက်တာ ဂယ်ရီနာဘယ်နှင့် သုတေသီများသည် ယခု ဆေးဝါးသစ်ကို စမ်းသပ်နေဆဲဖြစ်ပြီး ထိရောက်မှု အတိုင်းအတာ (၉၁)ရာခိုင်နှုန်းထိ ရှိနေကြောင်း ပြောကြားခဲ့ကြသည်။ သုတေသန ရလဒ်များ အရ AIDS ရောဂါကို တုန့်ပြန်နိုင်မည့် ခုခံအား (၃)မျိုးကို သိပ္ပံပညာရှင်များက ဖော်ထုတ် တွေ့ရှိပြီးဖြစ်သည်။ (၁၉၈၀) ပြည့်လွန်နှစ်များ စတင် ပေါ်ပေါက်ခဲ့သည့် AIDS ရောဂါ ကူးစက်မှုကို ယခုအခါ ကမ္ဘာ့လူသား (၃၃)သန်းခန့် ခံစား နေရပြီး လူပေါင်း(၂၅)သန်းကျော်မှာ အဆိုပါ ရောဂါဆိုးကြီးဖြင့် သေဆုံးခဲ့ရသည်။

ကမ္ဘာတဝှမ်းတွင် AIDSရောဂါ တိုက်ဖျက်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကမ္ဘာကျော် ဘောလုံးသမား ဒီဒီရာဒရော့ဘာ၊ U2 အဖွဲ့မှ အဆိုတော်ဘိုနို စသူတို့မှာလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဒေါက်တာ နာဘယ်နှင့် အဖွဲ့သည် ၎င်းတို့တီထွင်ထားသည့် မော်လီကျူးသစ်တစ်မျိုး ထိုးသွင်းထားသည့် AIDSလူနာတစ်ဦးသည် ဖျားနာခြင်း မရှိဘဲ ကျန်းမာစွာ ရှိနေသည်ကို တွေ့ရှိရာမှ ယခုကိုယ်ခံစွမ်းအင်တိုး ဆေးဝါးအတွက် ပထမဆုံး ခြေလှမ်းကို လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဒေါက်တာနာဘယ်က လွန်ခဲ့သည့် (၁၀)နှစ်အတွင်း ဖြတ်သန်းခဲ့ရသည့် အတွေ့အကြံုများက ဆေးဝါးအသစ်ကို စမ်းသပ်တီထွင်ရာတွင် အထောက်အကူ ဖြစ်စေမည်ဟု မျှော်လင့်ကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here