​လေ​ဒီ​ဂါ​ဂါ​၏​ Twitter​​ တွင်​ Beatles​​ မှ​ ​ဂျွန်​လင်​နွန်​ ပုံ​တင်​ထား​သ​ဖြင့်​ ​ပ​ရိ​သတ်​များ​ ဒေါ​သ​ထွက်

alt

လေဒီဂါဂါ၏ Twitter Accountတွင် Beatles​ အဖွဲ့မှ ဂျွန်လင်နွန်၏ စန္ဒယားအား တီးနေသည့်ပုံ တင်ထားသည့် အတွက် Beatles ပရိသတ်များက ဒေါသ ထွက်နေကြောင်း သိရသည်။

ထို့အပြင် Pop​ ဂီတစတား ဂါဂါအား ယခုကဲ့သို့ စန္ဒယား တီးခွင့် ပြုခဲ့သည့် အတွက် ဂျွန်၏သား ရှောင်လင်နွန်ကိုလည်း ပရိသတ်များက စိတ်ဆိုး နေကြသည်။ Beatles အဖွဲ့ဝင်များ တကွဲတပြား ဖြစ်သွား ခဲ့သည်မှာ နှစ်ပေါင်း (၄၀) မျှ ကြာမြင့် နေပြီ ဖြစ်သော်လည်း လီဗာပူးမြို့ အခြေစိုက် ဂီတ အဖွဲ့၏ အမာခံ ပရိသတ်မှာ အင်နှင့် အားနှင့် ရှိနေဆဲ ဖြစ်သည်။ ရှောင်၏ ဖခင် ဂျွန်သည် အဆိုပါ စန္ဒယားအား ရှောင်၏ မိခင် ယိုကို အတွက် လက်ဆောင် အဖြစ် ဝယ်ပေး ခဲ့ခြင်းဖြစ်ပြီး ယိုကိုက ရှောင် (၁၃) နှစ်သားတွင် လက်ဆောင် အဖြစ် ပြန်ပေးခဲ့သည်။ Poker Face စတား ဂါဂါသည် အဖြူရောင် စန္ဒာယားတွင် အကျအန ထိုင်ကာ တီးခတ်နေပုံကို Twitter တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဂါဂါ၏ လုပ်ရပ်ကို Beatles အားပေးသူများက ဒေါသ ထွက်နေသော်လည်း ဂါဂါ့ ပရိသတ်ကမူ သဘောကျလျက်ရှိသည်။ ဂါဂါသည် (၁၀)နှစ်သမီး အရွယ်ကတည်းက စန္ဒယားကို ကျွမ်းကျင်စွာ တီးခတ်နိုင်သူဟုလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here