အာ​ဖ​ဂန်​တွင်​ ကင်း​လှည့်​​ လုပ်ငန်း​များ​​ အ​တွက်​ ​လူ​မဲ့​​ လေ​သ​င်္ဘော​များ​ ​အ​မေ​ရိ​ကန်​ စစ်​တပ်​ အ​သုံး​ပြု​မည်

alt

အမေရိကန် စစ်တပ်သည် အာဖဂန်နစ္စတန်တွင် ကင်းလှည့်မည့် လုပ်ငန်းများ​ အတွက် လူလိုက်ပါခြင်း မရှိသော ကြီးမားသည့် လေ​ သင်္ဘောကြီးများအား အသုံးပြုသွားရန် စီစဥ်နေကြောင်း သိရသည်။

LEMV ဟု အမည်ပေးထားသော ယင်း​ လေသင်္ဘောကြီးများ တည်ဆောက်မည့် လုပ်ငန်းကို အမေရိကန်က ငွေကြေး​ အကုန်အကျ​ ခံမည်ဖြစ်ပြီး ဗြိတိသျှ သုတေသီများက ပူးပေါင်း​ ဆောင်ရွက်ရန် စီစဥ်ထားသည်။ အဆိုပါ လေသင်္ဘောကြီးများသည် ဝေဟင်မှ ထောက်လှမ်းရေး လုပ်ငန်းများ ပြုလုပ်ကာ မြေပြင်​ တပ်များသို့ သတင်းအချက်​ အလက်များ ပေးပို့​ သွားနိုင်ရန် အမေရိကန် စစ်တပ်က စီစဥ်ထားသည်။ လူလိုက်ပါခြင်း မရှိသည့် ကင်းထောက်​ လေယာဥ် UAV များထက် ပျံသန်း​ နိုင်မည့်​ အချိန် ပိုမို​ ကြာမြင့်သော LEMV များသည် တစ်ကြိမ်​ ပျံတက်လျင် (၂၁)​ ရက်ကြာ ဝေဟင်တွင် ရှိနေ​ နိုင်ပြီး အမြန်နှုန်း (၈၀)​ နော့ဖြင့် အမြင့်ပေ (၂၂၀၀၀) ထိရောက်အောင် ပျံသန်းနိုင်မည်ဟု LEMV​ စီမံကိန်း တာဝန်ခံ ဒါရိုက်တာ အလန်မက်ဇာဂါက ပြောကြားခဲ့သည်။

မက်ဂါဇာက လေသင်္ဘောများသည် အမေရိကန်စစ်ဖက်အတွက် အလွန်အသုံးဝင်သော ထောက်လှမ်းရေး ကိရိယာများ ဖြစ်လာရန် မျှော်လင့်ကြောင်း ပြောဆိုသွားသည်။ သမားရိုးကျ လေသင်္ဘောများသည် ပုံမှန်ခြေ​ အနေအထားဖြင့်သာ ပျံသန်း​ နိုင်သော်လည်း LEMV များသည် ခဲယမ်း​ မီးကျောက်များ အင်ပြည့်​ အားပြည့် တပ်ဆင်​ နိုင်သဖြင့် တိုက်ခိုက်ရေး​ တာဝန်ကိုပါ ပူးတွဲ​ ထမ်းဆောင်​ နိုင်သည့် UAV များကို အပြည့်အဝ စိန်ခေါ်​ နိုင်မည်ဖြစ်သည်။ အမေရိကန်​ စစ်တပ်သည် တန်(၈၀) အလေးချိန်ရှိမည့် အဆိုပါ ယာဥ်ကြီးများတွင် အလွန်​ အားကောင်းသော ကင်မရာများကို တပ်ဆင်​ ထားသဖြင့် မြင့်မား​ လှသည့် နေရာမှပင် ထောက်လှမ်းရေး သတင်းများကို တိတိကျကျ ရယူနိုင်မည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here