​ဆေး​ရည်​စိမ်​ရုပ်​​ အ​လောင်း​များ​ ​​ဆိုင်​ရာ​ ​က​မ္ဘာ့​​အ​ကြီး​ဆုံး ​ပြ​ပွဲ

alt

ဆေးရည်စိမ် ရုပ်​ အလောင်း(မံမီ)များ​ ဆိုင်ရာ ကမ္ဘာ့​ အကြီးဆုံး ပြပွဲကြီးတွင် လွန်ခဲ့သော နှစ်ပေါင်း​ (၆၅၀၀)​ က ကလေးငယ်​ တစ်ဦး၏ အလောင်းကိုပါ ပြသထားကြောင်း သိရှိရသည်။

ပီရူးနိုင်ငံတွင် ဖော်ထုတ်တွေ့ရှိခဲ့သည့် အဆိုပါ ကလေးငယ်သည် သေဆုံးချိန်တွင် (၁၀)​ လပင် မပြည့်​ သေးကြောင်း ပညာရှင်များက​ ဆိုသည်။ အဆိုပါ ကလေးငယ်သည် နှလုံးဖောက်ပြန်မှုကြောင့် ငယ်ငယ်​ ရွယ်ရွယ်နှင့် သေဆုံး​ သွားခြင်း​ ဖြစ်သည်။ အဆိုပါ ဆေးရည်စိမ် အလောင်းအပါအဝင် ကမ္ဘာ​ အရပ်ရပ်မှ ဆေးရည်စိမ် ရုပ်အလောင်း (၄၅)​ ခုနှင့် ကမ္ဘာ့​ ပြတိုက်ကြီး (၁၅)ခုမှ ရှေးဟောင်း​ ပစ္စည်း (၉၅)ခုတို့ကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား သုတေသန​ စင်တာတွင် ယခု​ သီတင်းပါတ်​ အတွင်း Mummies of the World​ အမည်ဖြင့် ပြသထားသည်။ ယင်းအလောင်းများ​ အနက် (၁၉၉၄)​​ ခုနှစ်က ဟန်ဂေရီရှိ စွန့်ပစ်​ ထားသော ဘုရားကျောင်း​ တစ်ကျောင်းအတွင်း တွေ့ရှိရသည့် မိသားစုလိုက် ဆေးရည်စိမ် အလောင်းများ၊ (၁၇)​ ရာစုနှစ်က နာမည်ကျော် ဂျာမန်​ မြို့စားကြီး ဗွန်ဟို့ဇ်၏ အလောင်း​ စသည်​ တို့လည်း ပါဝင်သည်။ ထို့အပြင် ရင်သားများနှင့် မျက်နှာပေါ်တွင် တက်တူးများ ထိုးထားသည့် တောင်​ အမေရိက အမျိုးသမီး တစ်ဦး၏ အလောင်းကိုလည်း ပြသ​ ထားသည်။

မံမီရုပ်အလောင်းများသည် သမိုင်း၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပေးမည့် သော့ချက်​ များပင်​ ဖြစ်ကြောင်း မှုခင်း​ ဆေးပညာရှင် တစ်ဦးဖြစ်သည့် ဟီသာဂီး ဖရန်ကလင်က ပြောကြားခဲ့သည်။ ၎င်းတို့သည် မံမီများ၏ ရုပ်အလောင်းများကို ခေတ်မီနည်းပညာများ၊ 3D ကိုယ်လုံးပေါ် Scan များ၊ DNA​ စစ်ဆေးမှုများဖြင့် သက်တမ်းကို တွက်ချက်ခဲ့ကြောင်း ဖရန်ကလင်က ရှင်းပြခဲ့သည်။ ယခုမံမီပြပွဲကို အမေရိကန် နိုင်ငံ​ တဝှမ်းသို့ လှည့်လည်ကာ (၃)​ နှစ်ကြာအောင် ပြသရန် စီစဥ်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here