စပိန်နွားရိုင်းပွဲတော်တွင် လူနှစ်ဦး နွားဝှေ့ ခံလိုက်ရ

alt

စ​ပိန်​နိုင်ငံ​၊​ ​ဆမ်​ဖာ​မီ​တွင်​ နာ​မည်​ကျော်​ ​နွား​ရိုင်း​ရှေ့​ပြေး​ ​ပွဲ​တော်​အား​ ​ကျင်း​ပ​နေ​ရာ​ ဇူ​လိုင်​လ​ (​၈)​ရက်​နေ့​တွင် ​လူ(​၂)ဦး​ ​နွား​ဝှေ့​ခံ​လိုက်​ရ​ကြောင်း​ ​သိ​ရ​သည်​။​ ​နွား​ဝှေ့​မှု​ကြောင့်​ ​လူ​နှစ်ဦး​ ​ဒဏ်​ရာ​ရ​သွား​သ​လို​

​အ​မြင့်​မှ​ ​ပြုတ်​ကျ​မှု​အ​တွက်​လည်း​ ​အ​နည်း​ဆုံး​ (​၄)ဦး​ ​ထိ​ခိုက်​သွား​ကြောင်း​ ​ပြိုင်​ပွဲ​ကျင်း​ပ​ရေး​ ​တာ​ဝန်​ခံ​များ​က​ဆို​သည်​။​ ​ဒေါ​သ​ကြီး​နေ​သော​ ​နွား​ရိုင်း(​၆)​ကောင်​ကို​ ​ကျဥ်း​မြောင်း​သော​ ​လမ်း​အ​တိုင်း​ ​လွှတ်​ပေး​လိုက်​ပြီး​ ​ယင်း​တို့​ရှေ့​မှ​ လူ​အ​များ​ ​ထွက်​ပြေး​ကြ​သော​ ​အ​ဆို​ပါ​ပွဲ​ကို​ ​စ​ပိန်​တွင်​ ​ရဲ​စွမ်း​သ​တ္တိ​ ​ပြ​သ​ချင်​သူ​များ​က​ ​ပါ​ဝင်​ဆင်​နွှဲ​လေ့​ရှိ​သည်​။​

​ကြောက်​စ​ရာ​ကောင်း​ပြီး​ ​အ​န္တ​ရာယ်​များ​သည့်​ ​အ​ဆို​ပါ​ပွဲ​တော်​သို့​ ​အ​ခြား​နိုင်ငံ​များ​မှ​ ​လူ​စွန့်​စား​များ​လည်း​ ​လာ​ရောက်​ပါ​ဝင်​လေ့​ရှိ​ရာ​ ​နွား​ဝှေ့​ခံ​ရ​သူ​များ​၏​ ​အ​မည်​နှင့်​ ​နိုင်ငံ​သား​ ​အ​တိ​အ​ကျ​ကို​ ​မ​သိ​ရ​သေး​ချေ​။​ ​ပမ်​ပ​လိုး​နား​ ​ဆေး​ရုံ​က​ ​နွား​ရိုင်း​များ​ ​တိုး​ဝှေ့​ပြေး​လွှား​သည်​ကို​ ​အ​မြင့်​မှ​ကြည့်​ရင်း​ ​ပြုတ်​ကျ​သူ(​၄)ဦး​ကို​ ​ကု​သ​ပေး​နေ​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည်​။​ TV​မှ​ ​ပြ​သ​မှု​များ​အ​ရ​ ​ပြေး​လွှား​ရင်း ​နွား​ဝှေ့​ခံ​ရ​သူ​ ​တစ်ဦး​သည်​ ​ရင်​ဘတ်​တွင်​ ​အ​ဝှေ့​ခံ​လိုက်​ရ​ကြောင်း​ ​တွေ့​ရှိ​ရ​သည်​။​ ​နာ​ဗက်​ရာ​ ​ဆေး​ရုံ​မှ​ ​ဒေါက်​တာ​ဖာ​နန်​ဒို​ ​ဘို​နီ​တာ​က​ ​ရင်​ဘတ်​တွင်​ ​ဒဏ်​ရာ​ရ​ရှိ​ထား​သူ​ ​တစ်ဦး​၏​ ​အ​ခြေ​အ​နေ​မှာ​ ​စိုး​ရိမ်​ရ​ကြောင်း​ အ​တည်​ပြု​ခဲ့​သည်​။​

ဇူ​လိုင်​လ​ (​၇)​ရက်​နေ့​ကလည်း​ ​အ​သက်(​၁၈)​နှစ်​ရှိ​ ဩ​စ​တြေး​လျ​သား​ ​တစ်ဦး​နှင့်​ ​အ​သက်(​၂၀)​အ​ရွယ်​ ​စ​ပိန်​သား​တစ်ဦး​တို့​ နွား​ဝှေ့​ခံ​ရ​ပြီး​ ​ပြင်း​ပြင်း​ထန်​ထန်​ ​ဒဏ်​ရာ​ရ​ခဲ့​ကြောင်း​ ​သိရ​သည်​။​ ​ယင်း​ပွဲ​တော်​တွင်​ ​နှစ်​စဥ်​ဒဏ်​ရာ​ရ​ ​ထိ​ခိုက်​မှု​များ​ ​ဖြစ်​ပေါ်​လေ့​ရှိ​ပြီး​ ​ယ​မန်​နှစ်​က​မူ​ (​၁၅)​နှစ်​အ​တွင်း​ ​ပ​ထ​မ​ဆုံး​အ​ဖြစ်​ ​နွား​ဝှေ့​ရာ​မှ​ ​လူ​သေ​မှု​ပါ​ ​ဖြစ်​ခဲ့​​သေး​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here