​က​မ္ဘာ့​ဖ​လား​ဗိုလ်​လု​ပွဲ​တွင်​ ​ရှံုး​နိမ့်​ခဲ့​ရ​သ​ဖြင့်​ ​ဒိုင်​လူ​ကြီး​ဟောင်းဝပ်​အား​ ​ဟော်​လန်​ နည်းပြ​ပြစ်တင်​

alt

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံး​ ဗိုလ်လုပွဲတွင် အရေးနိမ့်​ ခဲ့ရသည့်​ အတွက် ဟော်လန်​ နည်းပြ​ ဘက်ဗန်မားဝစ်က အင်္ဂလန် ဒိုင်လူကြီးဟောင်း​ ဝပ်ဝက်ဘ်အား ပြစ်တင်​ ပြောကြား​ လိုက်သည်။

ဇူလိုင်လ (၁၁)ရက်နေ့က စပိန်တို့ ဟော်လန်အား အနိုင်ယူကာ ကမ္ဘာ့ဖလား ဆွတ်ခူးသွားသည့် ပွဲစဥ်တွင် ဝက်ဘ်သည် နှစ်သင်းပေါင်း အဝါကတ် (၁၃)ကတ် ပြခဲ့ပြီး ဟော်လန်ခံစစ်မှူး ဂျွန်နီဟိုက်တင်ဂါကို အချိန်ပိုတွင် ထုတ်ပယ်ခဲ့သည်။ ဟိုက်တင်ဂါ အထုတ်ခံရပြီးနောက် မိနစ်ပိုင်း​ အတွင်းတွင်ပင် စပိန်​ ကွင်းလယ်လူ အင်းဒရစ် အင်နီယေစတာက ယခုပွဲ၏ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားခဲ့ပြီး စပိန်တို့ သမိုင်းတလျှောက် ပထမဆုံး ကမ္ဘာ့ဖလားကြီးအား ဆွတ်ခူးရရှိခဲ့သည်။

ဗန်မားဝစ်က ဝက်ဘ်သည် ဗိုလ်လုပွဲကို အကောင်းဆုံး ကိုင်တွယ်သွားသည်ဟု မထင်ကြောင်း၊ နှစ်ဖက်စလုံး မကြာခဏ ပြစ်ဒဏ်ဘောများ အပေးခံနေရပြီး ပွဲ၏ရသ ပျက်စီးခဲ့ကြောင်း ဝေဖန်ခဲ့သည်။ သို့သော်လည်း ပိုကောင်းသည့်အသင်းက အနိုင်ရသွားခြင်းဖြစ်ကြောင်းလည်း ဗန်မားဝစ်က ဝန်ခံခဲ့ပြီး စပိန်သည် ဆုဖလားနှင့် ထိုက်တန်ကြောင်း ချီးကျူးခဲ့သည်။ ကမ္ဘာ့ဖလားတွင် ဗိုလ်လုပွဲအဆင့် တစ်ကြိမ်မျှ မရောက်ဖူးသော စပိန်နှင့် ဗိုလ်လုပွဲကို တတိယအကြိမ်မြောက် ရောက်ရှိလာသော်လည်း ကမ္ဘာ့ဖလား မရဖူးသော ဟော်လန်တို့ပွဲတွင် စပိန်သည် တစ်ဖက်သတ် အသာစီးမှ ကစားခဲ့သော်လည်း မိနစ်(၉၀)လုံးလုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ အချိန်ပို ဒုတိယပိုင်း ပြီးခါနီးမှသာ အနိုင်ဂိုး ရရှိခဲ့ခြင်းဖြစ်သည်။

ဗန်မားဝစ်က အရှုံးသည် ခါးသီးလှကြောင်း၊ သို့သော်လည်း ဗိုလ်လုပွဲ ရောက်ရှိသည်အထိ အစွမ်းကုန် အားထုတ်ခဲ့သည့် မိမိ၏ ကစားသမားများအတွက် ဂုဏ်ယူကြောင်း ပြောကြားသွားသည်။ ဟော်လန်အသင်းသည် ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲထိ တက်နိုင်ရန် မမျှော်လင့်ခဲ့သဖြင့် ဟိုတယ်ကိုပင် ပြိုင်ပွဲပြီးသည်အထိ မငှားထားခဲ့သောကြောင့် တည်းခိုရာနေရာပင် ပြောင်းခဲ့ ရသေးသည်။ ဟော်လန်သည် တောင်အမေရိက ထိပ်တန်းအသင်းများဖြစ်သော ဘရာဇီးနှင့် ဥရုဂွေးတို့ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲထိ ရောက်လာခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here