Playboy​ ​မဂ္ဂဇင်း​ ​ပေါ်​တူ​ဂီ​ Version​ ​ထုတ်​ဝေ​မှု​​ ရပ်​ဆိုင်း​မည်

alt

Playboy​ မဂ္ဂဇင်းက ပေါ်တူဂီ​ Version​ အဖြစ် ထုတ်ဝေ​ နေခြင်းအား ရပ်ဆိုင်း​ လိုက်တော့​ မည်ဟု အတည်ပြု ကြေညာခဲ့သည်။ ဇူလိုင်လ​ ထုတ် ပေါ်တူဂီ Playboy မဂ္ဂဇင်း မျက်နှာဖုံးတွင် ဂျီးဆက်စ်​ ခရစ်တော်နှင့် အပေါ်ပိုင်း ဗလာကျင်း အမျိုးသမီး​ တစ်ဦးတို့

အိပ်ရာထဲ ရောက်နေသည့်​ ပုံကို ဖော်ပြ​ ခဲ့သည့် ကိစ္စကြောင့် ယခုလို ဆုံးဖြတ်​ လိုက်ခြင်းဟု Playboy​ ကဆိုသည်။ ကမ္ဘာကျော် ကာလသားကြိုက် မဂ္ဂဇင်းကြီးက ပေါ်တူဂီ​ ဆိုင်ရာ Publisher​ လုပ်ငန်း Frestacom-Lisbon​ မီဒီယာသည် ၎င်းတို့နှင့် ရယူထားသည့် သဘောတူညီမှု စည်းမျဥ်းများကို ဖောက်ဖျက်​ ခဲ့သလို ယခု​ မျက်နှာဖုံး​ အတွက် Playboy​ သို့ ကြိုတင် ခွင့်ပြုချက် မတောင်းခံ​ ခဲ့ကြောင်း ကြေညာခဲ့သည်။

Playboy​ မဂ္ဂဇင်း၏ ပြောရေး​ ဆိုခွင့်ရ အမျိုးသမီး သီရေဆာ ဟန်နက်ဆီက AOL သတင်း​ ဌာနသို့ ယခုလုပ်ရပ်သည် အံ့ဩ​ ထိတ်လန့်စရာ ကိစ္စဖြစ်ကြောင်း၊ မိမိတို့ မသိမီ မဂ္ဂဇင်းအား ထုတ်ဝေ​ ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုမဂ္ဂဇင်းထဲတွင် ဂျီးဆက်စ်သည် တဝက်တပျက် ဗလာ​ ကျင်းထားသည့် အမျိုးသမီး​ နှစ်ဦး နမ်းနေသည်ကို ကြည့်နေပုံ၊ လမ်းပေါ်တွင် အပေါ်ပိုင်း အဝတ်မပါသော အမျိုးသမီး​ တစ်ဦးနှင့် ယှဥ်လျက်​ ရပ်နေပုံများပါ ပါဝင်သောကြောင့် ဝေဖန်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

Playboy​ သည် ပေါ်တူဂီ အပါအဝင် ကမ္ဘာ့​ နိုင်ငံပေါင်း (၂၆)​ ခုတွင် ဖြန့်ကျက်​ ထုတ်ဝေ​ နေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here