လိင်​စိတ်​ဖြေ​ကိ​ရိ​ယာ​သုံး​ရာ​မှ​ စိတ်​အား​ တက်​ကြွ​ ဖောက်​ပြန်​ကာ​ ​သေ​ဆုံး

alt

ဗြိတိန်မှ အသက် (၃၀) အရွယ် ကလေးထိန်း တစ်ဦးသည် အပြာ ဇာတ်ကား တစ်ကား ကြည့်နေရင်း လိင်စိတ်ဖြေ ကိရိယာကို အသုံးပြု  နေရာမှ စိတ်အား တက်ကြွ ဖောက်ပြန်မှု ဖြစ်ပွားကာ သေဆုံး ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ လ က အိပ်ရာထဲတွင် အပြာကား ဖွင့်ထားသည့် Laptop တစ်လုံး၊ လိင် စိတ်ဖြေ ကိရိယာ တစ်ခု အနီး အောက်ပိုင်း အဝတ်အစား မပါဘဲ သေဆုံး နေသည့် နစ်ကိုလာ ပက်ဂင်တန်၏ သေမှု သေခင်းနှင့် ပတ်သက်ပြီး ရဲများက စုံစမ်း စစ်ဆေးမှုများ ပြုလုပ် ခဲ့ပြီးနောက် ယခုအခါ ကလေးထိန်း အမျိုးသမီးသည် လိင်စိတ် အလွန်အမင်း ထက်သန်လာရာမှ ရုတ်တရက် နှလုံး ထိခိုက် ကွယ်လွန် သွားခြင်းဟု အတည်ပြု ကြေညာခဲ့သည်။ နှလုံးခုန် မူမမှန်အောင် ပြင်းထန်စွာ စေ့ဆော်မှုက သူမအား အသက်ပါ သွားစေကြောင်း ဆရာဝန်များကဆိုသည်။

နစ်ကိုလာ၏ အခန်းကို လာလည်သော အိမ်နီးချင်း တစ်ဦးက အခန်းထဲမှ တုန့်ပြန်သံ မကြား​ ရသဖြင့် တိုင်ကြားခဲ့ရာမှ ရဲတပ်ဖွဲ့က သူမ၏အခန်းကို ချိုးဖျက်​ ဝင်ရောက် ကြည့်ရှုခဲ့ရာ အလောင်းကိုသာ တွေ့ရှိ​ ခဲ့ခြင်းဖြစ်သည်။ ထိုစဥ်က လူသတ်မှု ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်​ ခဲ့သေးသော်လည်း နစ်ကိုလာသည် လိင်​ စိတ်ပြင်းပြ​ ခြင်းကြောင့် သေဆုံး​ ခဲ့ခြင်းသာ​ ဖြစ်ကြောင်း ရဲများက အတည်ပြုခဲ့သည်။ အလောင်းအား တွေ့ရှိချိန်တွင် Laptop​ မှ ဗီဒီယိုမှာ မပြီးသေးဘဲ ရှိနေပြီး အနီးတွင် Vibrator​ တစ်ခုပါ တွေ့ရကြောင်းလည်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here