ဗြိ​တိန်​နိုင်ငံ​တွင်​ ​ရော​မ​ ​ခေတ်​ဒ​င်္ဂါး​များ​ ​ရှာ​ဖွေ​တွေ့​ရှိ

alt

ဗြိတိန်နိုင်ငံမှ ရတနာ​ မုဆိုး တစ်ဦးသည် ရောမခေတ် ဒင်္ဂါးပေါင်း (၅၂၀၀၀)​ ကို ရှာဖွေ​ တွေ့ရှိခဲ့ကြောင်း သိရသည်။ ယင်းသည် အင်္ဂလန်​ တောင်ပိုင်း ကွင်းပြင်​ တစ်ခုတွင် နစ်မြုပ်​ နေသည့် ယင်း​ ဒင်္ဂါးများအား ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်သည်။

သတ္တုထောက်လှမ်းသည့် ကိရိယာကို အသုံးပြုကာ ရတနာရှာခဲ့သော ဒေဗီ​ ခရစ်သည် အဆိုပါ ဒင်္ဂါးများအား ဆိုမာဆက်အရပ်တွင် တွေ့ခဲ့ခြင်းဟုဆိုသည်။ ကြေးညိုနှင့် ငွေသတ္တုများ အသုံးပြုကာ သွန်းလုပ်ထားသည့် ဒင်္ဂါးများတွင် ရောမစစ်ဗိုလ်ချုပ် ကာရောဆလက်၏ အမှတ်​ တံဆိပ်များ ပါရှိနေကြောင်း သိရသည်။ အလေးချိန် ပေါင်​ (၃၅၀)​ မျှ ရှိနေသည့် ယင်း​ ဒင်္ဂါးများသည် ကာလ​ တန်ဖိုး ပေါင်စတာလင် (၅)​ သန်းကျော်မျှ ရှိ​ နေကြောင်းလည်း AP သတင်း​ ဌာနက ဖော်ပြထားသည်။ ၎င်း​ သည် ရတနာများ ရှာဖွေ​ ဖော်ထုတ်မှုကို နှစ်ပေါင်းများစွာ လုပ်ကိုင်​ ခဲ့သော်လည်း ယခု​ တွေ့ရှိမှုမှာ ယင်း​ အတွက် ပထမဆုံးသော ခမ်းနား​ ကြီးကျယ်သည့် တွေ့ရှိမှု ဖြစ်လာကြောင်း ခရစ်က BBC သို့ ပြောကြားခဲ့သည်။

ခရစ်က အင်္ဂလိပ် ကျောင်း​ သင်ခန်းစာများတွင် ရောမနှင့် အင်္ဂလိပ်တို့ စစ်ပွဲ​ ဖြစ်ပွား​ ခဲ့မှုများကိုသာ သင်ကြားနေကြောင်း၊ ဗြိတိန်နှင့် မြောက်ပိုင်း​ ဂေါဒေသများသို့ တိုက်ခိုက်​ ချီတက်ခဲ့သည့် ကာရောဆလက် အကြောင်းကိုမူ သိရှိသူ နည်းပါးနေကြောင်းလည်း ဝေဖန်သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here