ဘွဲ​ရ​ကျောင်း​သူတစ်ဦး​၏​ ဝတ်​လစ်​စား​လစ်​ပုံ​ ​ဖယ်​ရှားမ​ပေး​သ​ဖြင့်​ Baidu​ Search​ Engine​ ​လျော်​ကြေး​ပေး​ရ​မည်

alt

တရုတ်နိုင်ငံ၏ အကြီးမားဆုံး Search Engine​ ကြီးဖြစ်သော Baidu.com​ တွင် ဘွဲ့ရ​ ကျောင်းသူလေး တစ်ဦး၏ ဝတ်လစ်စားလစ် ပုံရိပ်များ ပျံ့နှံ့​ နေသည်ကို ဆင်ဆာလုပ် ဖြတ်တောက်ရန် ပျက်ကွက်​ ခဲ့မှုကြောင့် လျော်ကြေး​ ပေးဆောင်​ ရမည်ဖြစ်သည်။

ဂျင်ဂန်ခရိုင် ပြည်သူ့​ တရားရုံးက Baidu.com​ အား Maritime Girl​ ဟု နာမည်ကြီး​ ခဲ့ရသည့် အမျိုးသမီးလေး ဟိုယွန်နူအား ဝန်ချ​ တောင်းပန်ရန်နှင့် ယွမ်ငွေ (၂၂၀၀၀) လျော်ကြေး​ ပေးဆောင်ရန် အမိန့်​ ချမှတ်​ လိုက်သည်။ သူမသည် ရှန်ဟိုင်း ရေကြောင်း​ တက္ကသိုလ်မှ ဘွဲ့ရ​ ကျောင်းသူလေး တစ်ဦး​ ဖြစ်သောကြောင့် Maritime Girl​ ဆိုသော အမည်ဖြင့် အင်တာနက်တွင် လူသိများ​ ခဲ့ခြင်းဖြစ်သည်။ သူမ၏ ဓာတ်ပုံများကို ရည်းစားဟောင်းက အင်တာနက်တွင် မေလ​ ကတည်းက လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းကို Baidu.comက ဖယ်ရှားပေးရန် ပျက်ကွက်​ ခဲ့သဖြင့် အရှက်တကွဲ ဖြစ်ခဲ့ရသည်။

အသက်​ (၂၆)​ နှစ်ရှိ ဟိုအား ရည်းစားဟောင်းက လမ်းခွဲ​ ပြီးချိန်တွင် ပြန်လည်​ ဆက်သွယ်ခဲ့ရာ သူမက ငြင်းဆန်​ ခဲ့ပြီးနောက် ယခုလို အင်တာနက်တွင် ဓာတ်ပုံများ အတင်​ ခံရခြင်းဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဟိုက Baidu.com​ အား ဓာတ်ပုံများ ဖယ်ပေးရန် ပန်ကြား​ ခဲ့သော်လည်း မျက်ကွယ်ပြုခြင်း ခံရသဖြင့် တရားစွဲဆိုမှု ပြုလုပ်​ ခဲ့ခြင်းဖြစ်သည်။ baidu​ မှတဆင့် ပျံ့နှံ့ခဲ့သော ဟိုင်၏​ ပုံများသည် တရုတ်အင်တာနက် သုံးစွဲသူများကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိ​ ပျံ့နှံ့သွားခြင်းကြောင့် ကာယကံရှင် မိန်းကလေးမှာ အလွန်​ နစ်နာခဲ့ရကြောင်း တရားရုံး တာဝန်​ ရှိသူများက ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here