အယ်ကေးဒါးအဖွဲ့၏ အင်္ဂလိပ်​ ဘာသာဖြင့် အွန်လိုင်း​ မဂ္ဂဇင်း​ လွှင့်တင်

alt

အယ်​ကေး​ဒါး အ​ကြမ်း​ဖ​က်​အ​ဖွဲ့​သည်​​ အင်​တာ​နက်​တွင်​​ အ​င်္ဂလိပ်​​ ဘာ​သာ​ဖြင့်​​ Online​​ မဂ္ဂ​ဇင်း​တစ်​စောင် လွှင့်​တင်​​ ထား​လိုက်​ကြောင်း​သိ​ရ​သည်​။​​ ဇွန်​လ​ (​၂၉)​​ ရက်​နေ့​က​ ​စ​တင်​ လွှင့်​တင်​သော မ​ဂ္ဂ​ဇင်း​ကို​​ ယီ​မင်​နိုင်ငံ​ရှိ​​ အယ်​ကေး​ဒါး​အ​ဖွဲ့​ခွဲ​က​ ​စီ​မံ​အုပ်​ ချုပ်​နေ​ပြီး

အ​မေ​ရိ​ကန်​နှင့်​ဥ​ရော​ပ​ဒေ​သ​များ​တွင်​​ ဝါ​ဒ​ဖြန့်​နိုင်​ရန်​ရည်​ရွယ်​ ထား​ကြောင်း Fox​သ​တင်း​ဌာ​န​က​ဖော်​ပြ​ခဲ့​သည်​။​ ​Inspire​ဟု​အ​မည်​ပေး​ထား​သည့်​ ယင်း​ Online မ​ဂ္ဂ​ဇင်း​တွင်​ပ​ထ​မ​ဆုံး​ဝင်​ရောက်​ရေး​သား​သူ​မှာ​အန်​ဝါ​အယ်​အော်​လာ​ ကီ​ဖြစ်​ပြီး ယင်း​သည်​(​၂၀၀၁)​ခု​နှစ်​၊​စက်​တင်​ဘာ​(​၁၁)​ရက်​နေ့​အ​မေ​ရိ​ကန်​နိုင်ငံ​ ၊ န​ယူး​ယောက်​မြို့​တော်​က​မ္ဘာ့​ကုန်​သွယ်​ရေး​အ​မြွှာ​မျှော်​စင်​အ​ကြမ်း​ ဖက် တိုက်​ခိုက်​မှု​ကြီး​တွင်​အ​ဓိ​က​တာ​ဝန်​ရှိ​သူ​(​၃)ဦး​အ​နက်​(​၁)ဦး​အ​ ဖြစ် သံ​သ​ယ​ ​ရှိ​ခြင်း​ခံ​ထား​ရ​သည်​။​​ ထို့​အ​ပြင်​ပြီး​ခဲ့​သည့်​ခ​ရစ်​စ​မတ်​ နေ့​က န​ယူး​ယောက်​ရှိ​တိုင်း​စ​ကွဲ​တွင်​မ​အောင်​မြင်​သော​ဗုံး​ခွဲ​မှု​အ​တွက် နောက်​ကွယ်​မှ​အ​ဓိ​က​ကြိုး​ကိုင်​ခဲ့​သူ​မှာ​အော်​လာ​ကီ​ပင်​ဖြစ်​ကြောင်း သ​တင်း​များ​ထွက်​ပေါ်​နေ​သည်​။​​

အော်​လာ​ကီ​က​ ​မိ​မိ​တို့​သည်​အ​မေ​ရိ​ကန် ပြည်​သူ​များ​၏​မိ​ခင်​ကို​လက်​ဆောင်​ပေး​ရန်​ဗုံးတစ်​လုံး​လုပ်​နေ​ကြောင်း လှောင်​ပြောင်​ရေး​သား​ထား​သည်​။​​ ထိုOnline​မ​ဂ္ဂ​ဇင်း​က​၎င်း​တို့​၏​ ဆောင်း​ပါး​များ​၊ သ​တင်း​များ​တွင်​အ​ကြံ​ပြု​ချက်​များ​၊​မှတ်​ချက်​များ​ဝင်​ရောက်​ရေး​သား ပေး​ပို့​ပါ​ရန်​လည်း​ပန်​ကြား​ထား​ကြောင်း​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here