က​မ္ဘာ့​ဖ​လား​ကြောင့်​ ​မ​လေး​ရှား​တို့​၏​ ​လိင်​မှု​ဘ​ဝ​ ​အ​ပြောင်း​အ​လဲ သိပ်​မ​ရှိ​

alt

ကမ္ဘာ့ဖလား ဘောလုံးပွဲများကြောင့် မလေးရှား နိုင်ငံသားများ၏ လိင်မှု ဘဝတွင် အပြောင်းအလဲ သိပ်မရှိကြောင်း စစ်တမ်းများက ဖော်ပြ ခဲ့သည်။

စင်္ကာပူ နိုင်ငံသား အများစုသည် ကမ္ဘာ့ ဖလားကို အိပ်ရေးပျက်ခံ ကြည့်ရှုမှုကြောင့် ဇနီးမယားများနှင့် စကားများ ရန်ဖြစ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြား ထားသော်လည်း မလေးရှားတွင် ယင်း စစ်တမ်းကို မဲပေးသူ (၂) ရာခိုင်နှုန်းကသာ ကမ္ဘာ့ ဖလားကြောင့် အိမ်သူ အမျိုးသမီးများနှင့် စကားများကြောင်း ပြောဆိုခဲ့ပြီး (၁)​ ရာခိုင်နှုန်းကသာ ယင်းတို့၏ လိင်မှု​ ဘဝကို သက်ရောက်မှု​ ရှိကြောင်း ပြန်ကြားခဲ့သည်။ Star​ နှင့် Adidas​ တို့ ပူးပေါင်း​ ကောက်ခံသည့် စစ်တမ်း​ အရ ကမ္ဘာ့ဖလား ဘောလုံးပွဲများကို ညစဥ်​ အိပ်ရေး​ ပျက်ခံ စောင့်ကြည့်ခြင်းကြောင့် မလေးရှား အမျိုးသားများတွင် ထူးထူးခြားခြား အပြောင်းအလဲ မရှိဟု သိရသည်။ ပြီးခဲ့သည့်လက စင်္ကာပူတွင် မီးယပ်​ အထူးကု တစ်ဦးက လေ့လာခဲ့ရာတွင် စင်္ကာပူ ဘောလုံး​ ပရိသတ်များမှာမူ လိင်မှု​ ကိစ္စတွင် လစ်ဟင်းမှုများ၊ ထိခိုက်မှုများ ရှိခဲ့ကြောင်း ဝန်ခံ​ ခဲ့သည်ဟု ဖော်ပြထားသည်။

မလေးရှားဘောလုံး ပရိသတ်များတွင်မူ အမျိုးသားများသည် မိမိတို့ အားပေးသည့်အသင်း အနိုင်ရပါက အောင်ပွဲခံသည့်အနေနှင့် ဇနီးများနှင့် လိင်ဆက်ဆံရန် ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရှိရသည်။ စစ်တမ်းများအရ မလေးရှား ဘောလုံးပရိသတ် (၃၂)ရာခိုင်နှုန်းသည် အုပ်စုပွဲစဥ်များတွင် အစောပိုင်းပွဲများကိုသာ ကြည့်လေ့ရှိပြီး (၁၇)ရာခိုင်နှုန်းကမူ ပွဲတိုင်းကို အလွတ်မပေးဘဲ စောင့်ကြည့်ခဲ့သည်ဟု သိရသည်။ (၃၇)ရာခိုင်နှုန်းကမူ မိမိတို့အကြိုက် ပွဲများကိုသာ ရွေးချယ်ကြည့်ရှုကြောင်း ပြောကြားခဲ့သည်။ ယခုစစ်တမ်းအတွက် လူပေါင်း(၃၁၃၅)ဦးအား သဘောထား ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယင်းတို့အနက် (၄၂)ရာခိုင်နှုန်းမှာ အိမ်ထောင်သည်များဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here