နိုင်ငံ​တ​ကာ​​ ဝေ​ဖန်​မှု​များ​ကြောင့်​ ​အ​မျိုး​သ​မီး​​ တစ်ဦး​အား​ ​ကျောက်​တုံး​ဖြင့်​​ ပေါက်​သတ်​မ​ည့်​​ ကိ​စ္စ​ ​ပယ်​ဖျက်​

alt

နိုင်ငံတကာမှ ပြင်းပြင်း​ ထန်ထန် ကန့်ကွက်မှုများ ထွက်ပေါ်​ လာပြီးနောက် အီရန်​ နိုင်ငံက အမျိုးသမီး တစ်ဦးအား ကျောက်တုံးဖြင့် အသေ​ ပေါက်သတ်မည့် ကိစ္စအား ပယ်ဖျက်​ လိုက်ကြောင်း သိရသည်။

ဗြိတိန်ရှိ အီရန်သံရုံးက အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် အမျိုးသမီး​ တစ်ဦးအား မြေမြှုပ်ကာ ကျောက်တုံးများဖြင့် ဝိုင်းပေါက် သတ်ဖြတ်မည့် ကိစ္စအား ပယ်ဖျက်​ လိုက်ကြောင်း အတည်ပြု ကြေညာခဲ့သည်။ အသက်​ (၄၃)​ နှစ်ရှိ ရှာနာမိုဟာမေဒီ အက်စတီယာနီ​ အမည်ရှိ အမျိုးသမီးအား အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် အီရန်​ တရားရုံးတစ်ခုက ယခုလို သေဒဏ်​ အပြစ်ပေးရန် စီရင်ချက် ချမှတ်​ လိုက်ကြောင်း ဗြိတိန် Time သတင်းစာက ဖော်ပြလိုက်ပြီးနောက် နျူကလီးယား စွမ်းအင်ကိုပင် စမ်းသပ်​ တီထွင်နေသည့် နိုင်ငံကြီး​ တစ်ခုတွင် ထိုကဲ့သို့ ခေတ်နောက်​ ပြန်ဆွဲသော ဝါဒမျိုး ကျန်ရှိ​ နေသေးခြင်းအပေါ် ကမ္ဘာ့နိုင်ငံ အများအပြားက ရှုတ်ချခဲ့ကြသည်။

လူ့အခွင့်အရေး အဖွဲ့အစည်းများက ယင်းအမျိုးသမီးအား (၂၀၀၆)ခုနှစ်၊ သို့မဟုတ် (၂၀၀၇)​ ခုနှစ်အတွင်းက ပြစ်ဒဏ်ချမှတ်ထားခဲ့ပြီး ယခုကျမှ ယင်းသေဒဏ်ကို အတည်ပြုကာ ကျောက်ခဲများဖြင့် ပေါက်သတ်ရန် စီစဥ်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။ သူမသည် ကြိမ်ဒဏ်​ (၉၉)​ ချက်​ ကိုလည်း ခံခဲ့ရသေးသည်။ အီရန်​ အစိုးရ၏ အမိန့်အပေါ် ကန့်ကွက်သူများ​ အနက် အရှေ့တီမော သမ္မတနှင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂျို့စ်ရာမို့ဟိုတာ၊ အမေရိကန်​ မင်းသား ရောဘတ်ဒီနီရိုး၊ ပြင်သစ်မင်းသမီး ဂျူလီယာဘလွန်ချီစသည့် ထိပ်တန်း​ နာမည်ကျော်များပါ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here