EU​ အဖွဲ့က အီရန်ခရီးသည်တင် လေကြောင်းလိုင်းများအား ပိတ်ပင်လိုက်

alt

ဥရောပ ယူနီယံ (EU) သည် အီရန်၏ လက်ရှိ ပြေးဆွဲ နေသော ခရီးသည်တင် လေကြောင်းလိုင်း အတော် များများအား ပိတ်ပင် လိုက်ကြောင်း သိရသည်။

ယခု လုပ်ရပ်မှာ အီရန်အား နိုင်ငံရေး အရ ပြင်းထန် ကြပ်တည်းသည့် ပိတ်ဆို့မှုမျိုး ပြုလုပ်ခြင်း မဟုတ်ဘဲ လုံခြံုရေး အခြေအနေကြောင့်သာဖြစ်ကြောင်း EU​ ကဆိုသည်။ ပြီးခဲ့သည့် လ က ကုလ သမဂ္ဂသည် အီရန်အား ပိတ်ဆို့မှုများ ပြုလုပ်ရန် အတည်ပြု ကြေညာ ခဲ့သော်လည်း ယခုကိစ္စသည် ယင်းနှင့် လုံးဝ မပတ်သက်ဘဲ အီရန်၏ ဂျက် လေယာဥ်များ မကြာခဏ ပျက်ကျ နေမှုများကြောင့်ဟု သိရသည်။

ဥရောပနိုင်ငံ (၂၇) ခု ဖြင့် ဖွဲ့စည်းထားသည့် EU မှ ပို့ဆောင်ရေး ဌာန ပြောရေး ဆိုခွင့်ရ အမျိုးသမီး ဟယ်လန်ကိန်းက အီရန်တွင် လက်ရှိ သုံးစွဲနေသည့် Boeing နှင့် Airbus လေယာဥ်များ၏ ပြုပြင် ထိန်းသိမ်းမှုနှင့် လုံခြံုရေး စနစ် အားနည်းချက်များကြောင့် Blacklist ကြေညာ လိုက်ကြောင်း ရှင်းပြခဲ့သည်။ ကုလသမဂ္ဂသည် အီရန်သို့ နှစ်ပေါင်း (၃၀) ကြာအောင် လေယာဥ် အပိုပစ္စည်းများ တင်ပို့ခွင့် ပိတ်ပင် ထားခြင်းကလည်း ယခု ကိစ္စနှင့် ဆက်စပ် နေသည်။

အီရန်အစိုးရသည် နိုင်ငံအတွင်းရှိ ဂျက်လေယာဥ်များ မကြာခဏ ပျက်ကျနေမှုအပေါ် နိုင်ငံတကာ ပိတ်ဆို့မှုများကြောင့်ဟု အစဥ်သဖြင့် အပြစ်တင်ခဲ့သည်။ အီရန် လေကြောင်းလိုင်းမှ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် ရှာရာခို နိုရှာဘာဒီက EU၏ လုပ်ဆောင်မှုသည် မမျှတကြောင်း ဝေဖန်​ လိုက်ပြီး ၎င်းတို့အတွက် ကြီးမားသော ထိခိုက်မှုမျိုး မရှိနိုင်ဟု ပြောကြားလိုက်သည်။ အဘယ်ကြောင့်ဆိုသော အီရန်​ လေကြောင်းလိုင်းသည် ဥရောပ နိုင်ငံများသို့ ပျံသန်းရာတွင် လုံခြံုရေး စံနှုန်းများ ပြည့်မီသော Airbus​ လေယာဥ်များကို သုံးစွဲနေကြောင်း ပြောကြားခဲ့သည်။ EU​ သည် အာဖရိကနှင့် အာရှတို့မှ သေးငယ်သော လေကြောင်းလိုင်းလေးများ အများစု ပါဝင်​ နေသည့် လေကြောင်းလိုင်း (၂၇၈)​ ခုကိုလည်း Blacklist​ တွင် ထည့်သွင်းထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here