ကမ္ဘာ့အမြန်ဆုံး မော်တော်ကား အဖြစ် Bugatti Veyron ပြိုင်ကားသစ် စံချိန်တင်

alt

ကမ္ဘာ့အမြန်ဆုံး မော်တော်ကား အဖြစ် Bugatti ၏ Veyron အမျိုးအစား ပြိုင်ကားသစ်က စံချိန် ချိုး လိုက်ကြောင်း သိရသည်။ အနက်နှင့် လိမ္မော်ရောင် ခြယ်သ ထားသည့် Veyron 16.4 စူပါကားသည်

မော်ကွန်းဝင် မြန်နှုန်း အဖြစ် တစ်နာရီ (၂၆၇.၄) မိုင်နှုန်း မောင်းနှင် ပြသွား ခဲ့ကြောင်း သိရသည်။

Bugatti၏ အင်ဂျင်နီယာအဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါက်တာဝုဖ်ဂန်းရှာရယ်ဘာက မိမိတို့သည် တစ်နာရီ (၂၆၄)မိုင် မြန်နှုန်းထိ မောင်းနှင် နိုင်ရန် မျှော်လင့် ခဲ့သော်လည်း လက်တွေ့တွင် ထို့ထက် ကောင်းသော စွမ်းဆောင်ရည်ကို ရရှိခဲ့သည့် အတွက် ကျေနပ် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ မော်တော်ကား၏ အမြန်ဆုံး မောင်းနှင်နှုန်းကို ကမ္ဘာ့ ဂင်းနစ် မှတ်တမ်း အဖွဲ့ကလည်း တရားဝင် လက်ခံအသိအမှတ် ပြုပေးခဲ့သည်။ ယခင်က ကမ္ဘာ့အမြန်ဆုံး ကားအဖြစ် တစ်နာရီ (၂၅၆.၁) မိုင်နှုန်း မောင်းပြထားသည့် SSC Ultimate Aeroက (၂၀၀၇)ခုနှစ်တွင် စံချိန်တင်ထားခဲ့သည်။ Veyron ကားကို မောင်းနှင်ခဲ့သည့် ပီရာဟင်နရီ ရာဖာနယ်က ဂျာမနီနိုင်ငံ၊ အီဟာရာလက်ဆိန်းတွင် မောင်းနှင်ှု ပြုလုပ်နေစဥ် လေကို ဆန့်ကျင် မောင်းနှင်သည့်အခါ တစ်နာရီ (၂၆​၅.​၉) မိုင်နှုန်းထိသာ မောင်းနိုင်သော်လည်း လေစုန်တွင်မူ ယခု စံချိန်အား ရရှိခဲ့ကြောင်း ပြောကြားသွားသည်။

ကလက်ချ်နှစ်ခု၊ ဂီယာ (၇) ချက် ပါဝင်သော မော်တော်ယာဥ်သည် အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်မျိုး ရှိခဲ့သည် ဟုလည်း ရာဖာနယ်က ချီးကျူး သွားသည်။ Veyron​ မော်တော်ကားတွင် ကြီးမားသည့် တာဘိုချာဂျာ (၄)ခုနှင့် အထူးစီစဥ် ဖန်တီး ထားသည့် အအေးပေး စနစ်တို့ ထည့်သွင်း ထားသည်။ Bugatti​ သည် အလွန် တန်ဖိုးမြင့်မားသည့် Veyron မော်တော်ကား အစင်း (၂၆၀) နှင့် Grand Sport (၃၅) စင်းတို့ကို ရောင်းချ ထားပြီးဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here