ပါ​ရာ​ဂွေး​အ​သင်း​ကို​ ​ဂုဏ်ပြုလိုက်​သည့်​ ​အ​လှ​မယ်​ လာ​ရီ​ဆာ​ရီ​ကွယ်​မီး

alt

ပါရာဂွေးအသင်း ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲပါက တစ်ကိုယ်လုံး အဝတ်အစားများ ချွတ်ကာ မြို့အနှံ့ ပတ်ပြေးရင်း အောင်ပွဲ ခံမည်ဟု ကြွေးကြော် ထားသော ပါရာဂွေး အလှမယ် လာရီဆာ ရီကွယ်မီးသည် ကွာတား ဖိုင်နယ်ထိ

ရောက်ခဲ့ပြီးမှ စပိန်အား အရေးနိမ့်ခဲ့သည့် နိုင်ငံ လက်ရွေးစင် ဘောလုံးသမားများအား တစ်နည်း တစ်လမ်းဖြင့် ဂုဏ်ပြုလိုက်သည်။ သူမသည် မူလက ပြောကြား ထားသလို ဝတ်လစ်စလစ် ပြေးလွှားခြင်း မပြုသော်လည်း ပါရာဂွေး အလံကို နောက်ခံ ထားကာ အဝတ်မပါဘဲ ဓာတ်ပုံ အရိုက်ခံခဲ့သည်။

အသက်(၂၄)နှစ်အရွယ် လာရီဆာသည် တောင်အာဖရိကထိလိုက်ပြီး ပါရာဂွေးအသင်းကို အားပေး ခဲ့သူဖြစ်သည်။ သူမသည် ပါရာဂွေး ကမ္ဘာ့ဖလားမှ ထွက်ခွာသွားသော်လည်း စပိန်ကို ဆက်လက် အားပေးမည်ဟု ပြောကြားထားသည်။ လာရီဆာက ယခုလို ပါရာဂွေးအလံနှင့် ရင်ခုန် လှိုက်မောဖွယ် ဓာတ်ပုံများ အရိုက်ခံခြင်းသည် ပါရာဂွေးအသင်း၊ ပါရာဂွေး ပြည်သူများ အတွက် ဂုဏ်ပြုမှု တစ်ခုအဖြစ်သာ မကဘဲ သူမ၏ ကိုယ်ဟန်ပြမယ် အလုပ်အတွက် အထောက်အကူ တစ်ခု ဖြစ်စေရန် မျှော်လင့်ကြောင်းလည်း ဝန်ခံ သွားသည်။

လာရီဆာသည် ပါရာဂွေးသို့ ပြန်ရောက်ပါက ယခင်က ပြောဆိုထားသည့် အစီအစဥ်ကို အကောင်အထည်ဖော်ရန် ရှိနေသော်လည်း တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here