ကမ္ဘာ့ဖလားအကြောင်း ငြင်းခုန် ပြောဆို ကြရာမှ လူသတ်မှု ဖြစ်ပွား

alt

ကမ္ဘာ့ဖလားနှင့် ပတ်သက်ပြီး စကားရည်လု ပြောဆိုရာမှ အီတလီ လူမျိုးနှစ်ဦး အသတ်ခံ လိုက်ရကြောင်း သိရသည်။ ဇူလိုင်လ (၅) ရက်နေ့က ဂျာမနီ နိုင်ငံရှိ အရက်ဘား တစ်ခုတွင် အီတလီသား နှစ်ဦးနှင့်

ဂျာမန် တစ်ဦးတို့ ကမ္ဘာ့ဖလားတွင် အီတလီနှင့် ဂျာမနီတို့ အောင်မြင်မှု အစဥ်အလာနှင့် ပတ်သက်ပြီး အချင်းချင်း စကားများကာ အီတလီ နှစ်ဦး သေနတ်ဖြင့် အပစ်ခံ ခဲ့ရခြင်း ဖြစ်သည်။

အသက် (၄၇) နှစ်အရွယ် တစ်ဦးမှာ ပွဲချင်းပြီး သေဆုံး သွားပြီး အသက် (၄၉) နှစ်ရှိ ၎င်း၏ အဖော်မှာမူ ဒဏ်ရာများကြောင့် ဆေးရုံတွင် ကွယ်လွန် သွားကြောင်း ရဲများက ဆိုသည်။ ဟန်နိုဗာမြို့ရှိ အီတလီ စားသောက်ဆိုင် တစ်ခုအတွင်း ဖွင့်လှစ်ထားသည့် အရက်ဘားတွင် အပစ်ခံရသူ နှစ်ဦးလုံးသည် ထိုအရက်ဘားမှ ဝန်ထမ်းများ ဖြစ်ကြောင်းလည်း ရဲများကဆိုသည်။ ၎င်းတို့သည် ဂျာမန်တစ်ဦးနှင့် ကမ္ဘာ့ဖလားကိစ္စ အငြင်းပွားပြီးနောက် ယခုလို အသတ်ခံရခြင်းဖြစ်သည်။

ယင်းတို့က အီတလီသည် ယခုနှစ် ကမ္ဘာ့ဖလားတွင် အုပ်စုမှ ထွက်ခဲ့ရသည့်တိုင် ကမ္ဘာ့ဖလားကို (၄) ကြိမ်ရဖူးထားပြီး ဂျာမနီက (၃) ကြိမ်သာ ရဖူးကြောင်း လှောင်ပြောင်ခဲ့ရာမှ သေနတ်နှင့် အပစ်ခံရခြင်းဖြစ်သည်။ ရဲများသည် အသက် (၄၂) နှစ် အရွယ် သေနတ်သမားအား လိုက်လံ ရှာဖွေနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here