နေစွမ်း​အင်​သုံး​လေ​ယာဥ်​ ​စမ်း​သပ်​ပျံ​သန်း

alt

နေစွမ်း​ အင်သုံး လေယာဥ်​ တစ်စင်းအား စမ်းသပ်​ ပျံသန်း​ ခဲ့ရာ (၂၆)​ နာရီ​ လုံးလုံး ဆက်တိုက်​ ပျံနိုင်​ ခဲ့ကြောင်း သိရသည်။ ဇူလိုင်လ (၈)ရက်နေ့က စမ်းသပ်​ ခဲ့သည့် အဆိုပါ လေယာဥ်သည် အနာဂတ်​ ကာလတွင် နေရောင်ခြည် စွမ်းအင်သုံး လေယာဥ်များ

ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု​ လာနိုင်ရေး​ အတွက် ခြေတစ်လှမ်း နီးစပ်စေခဲ့သည်။ ကြီးမားလှသည့် တောင်ပံကြီးများတွင် နေရောင်ခြည် စွမ်းအင်ကို စုပ်ယူသည့် ဆိုလာ​ ပြားကြီးများ တပ်ထားသည့် လေယာဥ်၏ ဆက်တိုက်​ ပျံသန်းနိုင်မှုမှာ အကြီးမားဆုံး စံချိန်လည်း ဖြစ်လာသည်။ Solar Impulse ဟု အမည်​ ပေးထားသည့် လေယာဥ်သည် ဆွစ်ဇာလန်​ နိုင်ငံသို့ ချောမွေ့စွာ ဆင်းသက်​ နိုင်ခဲ့သည်။

ယင်းလေယာဥ်သည် တောင်ပံမှတဆင့် နေ့ဖက်တွင် လက်ခံယူထားသော နေရောင်ခြည် စွမ်းအင်ကို သိုလှောင်ထားနိုင်ပြီး ညဖက်တွင်ပါ ပျံသန်းနိုင်သည်။ နေစွမ်းအင် လေယာဥ်အား တီထွင်ခဲ့သည့် ဥရောပ အင်ဂျင်နီယာများက ရာသီဥတု ကြည်လင်သာယာပါက ၎င်းတို့လေယာဥ်သည် ကမ္ဘာတစ်ပတ်ပင် ပတ်နိုင်မည်ဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။ လေယာဥ်အား ကိုယ်တိုင်မောင်းနှင့်ခဲ့သည့် တိုက်လေယာဥ်မှူးဟောင်း အင်ဒရီ ဘော့ရှာဘက်သည် (၂၆)နာရီနှင့် (၉)မိနစ်ကြာ ပျံသန်းပြီးနောက် ၎င်းတက်လာသည့် လေယာဥ်ပြေးလမ်းတွင် အောင်မြင်စွာ ဆင်းသက်ပြခဲ့သည်။

အသက်(၅၇)နှစ်ရှိ ဆွစ်လေယာဥ်မှူးက တစ်နေ့တာမက ဆက်တိုက်ပျံသန်းနိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး လေယာဥ်ပျံ၏ အောင်မြင်မှုအတွက် လူတိုင်းပျော်မြူးနေကြောင်း ပြောကြားခဲ့သည်။ အဆိုပါ လေယာဥ်၏ တောင်ပံတွင် ဆိုလာပြား (၁၂၀၀၀)ကို တပ်ဆင်ထားပြီး ယင်းတို့မှ ရရှိသည့် စွမ်းအင်ကို လစ်သီယမ် ဘက်ထရီများဖြင့် သိုလှောင်ထားသည်။ တစ်နာရီ (၇၅)မိုင်နှုန်း ပျံသန်းနိုင်သည့် လေယာဥ်သည် အမြင့်ပေ (၃၉၀၀၀)ထိ တက်နိုင်သည်။ လေယာဥ်၏ ကိုယ်ထည်အလျားမှ (၇၂)ပေဖြစ်ပြီး တောင်ပံနှစ်ဖက်အား တိုင်းတာပါက (၂၀၈)ပေထိရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here